ျမန္မာႏိုင္ငံရွိ SLCM က IFC ကေန ေခ်းေငြ ေဒၚလာ ၃ သန္း ရရွိ

0
160

အိႏၵိယႏိုင္ငံ၊ ေဒလီမွာ ႐ံုးခ်ဳပ္ရွိၿပီး ျမန္မာႏိုင္ငံမွာ ႐ံုးခြဲရွိတဲ့ စိုက္ပ်ိဳးေရးထြက္ကုန္ သယ္ယူပို႔ေဆာင္ေရး ကုမၸဏီ ဆိုဟန္ လား ကုန္ပစၥည္း စီမံခန္႔ခြဲေရးလုပ္ငန္း (SLCM) ဟာ ႏိုင္ငံတကာ ဘ႑ာေရး ပူးေပါင္းေဆာင္ရြက္ေရး အဖြဲ႔ (IFC) ကေန ေခ်းေငြ အေမရိကန္ေဒၚလာ ၃ သန္း ရရွိခဲ့ပါတယ္။

ရရွိတဲ့ ေခ်းေငြနဲ႔ ကုန္သိုေလွာင္႐ံုေတြ တိုးခ်ဲ႕မွာ ျဖစ္တယ္လို႔ SLCM ရဲ႕ သတင္းထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ ျမန္မာႏိုင္ငံမွာ ကုန္သိုေလွာင္ႏိုင္မႈ အေျခအေနဟာ ျပည့္စံုမႈ မရွိတဲ့အတြက္ ေတာင္သူလယ္သမားေတြဟာ အခက္အခဲ ႀကံဳရၿပီး ဆံုး႐ံႈးမႈေတြရွိေၾကာင္း၊ လက္ရွိမွာ အဲဒီလို မျပည့္စံုမႈေၾကာင့္ ဆံုး႐ံႈးတဲ့ ပမာဏဟာ ၂၀ ရာခိုင္ႏႈန္း ဝန္းက်င္ရွိေၾကာင္းလည္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

IFC ရဲ႕ ေခ်းေငြနဲ႔ အဆင့္ျမင့္ ကုန္သိုေလွာင္ေတြ တည္ေဆာက္ၿပီး ဝန္ေဆာင္မႈ ေပးမွာ ျဖစ္လို႔ ေတာင္သူလယ္သမားေတြ စိုက္ပ်ိဳးေရးထြက္ကုန္ အမ်ားအျပား သိုေလွာင္ႏိုင္တဲ့အျပင္ ပိုက်တာ၊ အစိုျပန္တာေတြေၾကာင့္ ဆံုး႐ံႈးမႈေတြကိုလည္း ေလွ်ာ့ခ်ႏိုင္မွာ ျဖစ္ပါတယ္။
ျမန္မာႏိုင္ငံမွာ စိုက္ပ်ိဳးေရးက႑ဟာ စီးပြားေရးရဲ႕ အဓိကလုပ္ငန္းျဖစ္ၿပီး အလုပ္အကိုင္ ၅၃ ရာခိုင္ႏႈန္းကို ဖန္တီးေပးထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာနိုင်ငံရှိ SLCM က IFC ကနေ ချေးငွေ ဒေါ်လာ ၃ သန်း ရရှိ

အိန္ဒိယနိုင်ငံ၊ ဒေလီမှာ ရုံးချုပ်ရှိပြီး မြန်မာနိုင်ငံမှာ ရုံးခွဲရှိတဲ့ စိုက်ပျိုးရေးထွက်ကုန် သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ ဆိုဟန် လား ကုန်ပစ္စည်း စီမံခန့်ခွဲရေးလုပ်ငန်း (SLCM) ဟာ နိုင်ငံတကာ ဘဏ္ဍာရေး ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (IFC) ကနေ ချေးငွေ အမေရိကန်ဒေါ်လာ ၃ သန်း ရရှိခဲ့ပါတယ်။

ရရှိတဲ့ ချေးငွေနဲ့ ကုန်သိုလှောင်ရုံတွေ တိုးချဲ့မှာ ဖြစ်တယ်လို့ SLCM ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ ကုန်သိုလှောင်နိုင်မှု အခြေအနေဟာ ပြည့်စုံမှု မရှိတဲ့အတွက် တောင်သူလယ်သမားတွေဟာ အခက်အခဲ ကြုံရပြီး ဆုံးရှုံးမှုတွေရှိကြောင်း၊ လက်ရှိမှာ အဲဒီလို မပြည့်စုံမှုကြောင့် ဆုံးရှုံးတဲ့ ပမာဏဟာ ၂၀ ရာခိုင်နှုန်း ဝန်းကျင်ရှိကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

IFC ရဲ့ ချေးငွေနဲ့ အဆင့်မြင့် ကုန်သိုလှောင်တွေ တည်ဆောက်ပြီး ဝန်ဆောင်မှု ပေးမှာ ဖြစ်လို့ တောင်သူလယ်သမားတွေ စိုက်ပျိုးရေးထွက်ကုန် အများအပြား သိုလှောင်နိုင်တဲ့အပြင် ပိုကျတာ၊ အစိုပြန်တာတွေကြောင့် ဆုံးရှုံးမှုတွေကိုလည်း လျှော့ချနိုင်မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စိုက်ပျိုးရေးကဏ္ဍဟာ စီးပွားရေးရဲ့ အဓိကလုပ်ငန်းဖြစ်ပြီး အလုပ်အကိုင် ၅၃ ရာခိုင်နှုန်းကို ဖန်တီးပေးထားပါတယ်။

?bph6