လူငယ်တွေကို မူးယစ်ဆေးဝါး ကာကွယ်ရေး သင်တန်းပို့ချရာမှာ မိဘတွေပါဝင်မှု အားနည်

0
195








ဆယ်ကျော်သက် လူငယ်တွေကို မူးယစ်ဆေးဝါး ကာကွယ်ရေး အခမဲ့သင်တန်းပို့ချရာမှာ မိဘတွေ ပူးပေါင်းပါဝင်မှု အားနည်းနေတယ်လို့ ဆယ်ကျော်သက် လူငယ်များဖွံ့ဖြိုးရေးအဖွဲ့က ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက်သန္တာမိုး ကပေးပို့ ထားပါတယ်။

ဆယ်ကျော်သက်လူငယ်များဖွံ့ဖြိုးရေးအဖွဲ့က ဦးဆောင်ပြီး ဆယ်ကျော်သက်လူငယ်တွေကို မူးယစ်ဆေးဝါး ကာကွယ်ရေး အခမဲ့သင်တန်းကို ဧပြီလ ၁ ရက်နေ့ကနေ ၄ ရက်နေ့အထိ သင်ကြားပေးခဲ့တာပါ။

အဲဒီလို သင်တန်းပို့ချရာမှာ ဆယ်ကျော်သက်လူငယ်တွေအတွက် မူးယစ်ဆေးဝါးကာကွယ်ရေးဟာ ဘယ်လောက်အရေးကြီးတယ်ဆိုတာနဲ့ လူငယ်တွေ မူးယစ်ဆေးဝါးရဲ့ သားကောင်တွေမဖြစ်ဖို့ မိဘအုပ်ထိန်းသူက ပူးပေါင်းပါဝင်ဖို့ လိုအပ်တယ်လို့ ဆယ်ကျော်သက် လူငယ်များဖွံ့ဖြိုးရေးအဖွဲ့ ကပြောပါတယ်။

Soundbite မသူဇာဝင်း (Program Director)
ဆယ်ကျော်သက်လူငယ်များဖွံ့ဖြိုးရေးအဖွဲ့

ဒါအပြင် ဒီသင်တန်းမှာ အဓိကအနေနဲ့ အရက်နဲ့ အယ်ကိုဟောပါဝင်တဲ့ အရည်တွေ၊ ဆေးလိပ်၊ ဆေးခြောက်၊ ကော်နှင့် ရှုဆေးအမျိုးမျိုး၊ ဘိန်းနဲ့ ဘိန်းပင်မှရရှိတာတွေ၊ စိတ်ကြွဆေး အမျိုးမျိုး စတဲ့ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ အကြောင်းအရာတွေကို ပို့ချခဲ့တာလည်း ဖြစ်ပါတယ်။

Soundbite ဇွဲမာန် (အဋ္ဌမတန်း)

ဆယ်ကျော်သက်လူငယ်များ ဖွံ့ဖြိုးရေးအဖွဲ့က အသက် ၁၃ နှစ်ကနေ ၁၆ နှစ်ကြား ဆယ်ကျော်သက် လူငယ်တွေကို မူးယစ်ဆေးဝါး ကာကွယ်ပေးတဲ့ အခမဲ့သင်တန်းကို လာမယ့် ဧပြီလ ၂၃ နေ့ကနေ ၂၆ရက်နေ့အထိ ဆက်လက် သင်ကြားပေး သွားမှာဖြစ်ပါတယ်ရှင်။

?bph6