
0
121



<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် ညွှန်ကြားရေးမှူးချုပ်နဲ့ တွေ့ဆုံ

ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူဟာ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် မက်ဒ် ရှဖီးနူ အစ္စလာမ်နဲ့ အဖွဲ့ကို ဧပြီလ ၈ ရက်နေ့က နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာနမှာ တွေ့ဆုံခဲ့ကြပါတယ်။

တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ တရားမဝင် မူးယစ်ဆေးဝါး သယ်ဆောင် ရောင်းဝယ်မှု တားဆီးကာကွယ်ရေး၊ သတင်းအချက်အလက် အပြန်အလှန်ဖလှယ်ရေး၊ နယ်ခြားစောင့် တပ်ဖွဲ့တွေအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ နိုင်ငံဖြတ်ကျော်မှုခင်းတွေ တိုက်ဖျက်ရေးတို့နဲ့  ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။

?bph6