
0
170




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်နိုင်ငံကို ချစ်ကြည်ရေးခရီး သွားရောက်

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အဖွဲ့ဟာ တရုတ်နိုင်ငံကို ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိနေပါတယ်။

တရုတ်နိုင်ငံ၊ ဗဟိုစစ်ကော်မရှင် အဖွဲ့ဝင်နဲ့ ပူးတွဲစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး လီ ကျိုချန်ရဲ့ ဖိတ်ကြားချက်အရ ဧပြီလ ၈ ရက်နေ့က သွားရောက်တာ ဖြစ်ပါတယ်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ အဖွဲ့ဟာ ကူမင်းလေဆိပ်ကနေ ဘေဂျင်းမြို့ နန်ယွန် တပ်မတော်လေဆိပ်ကို ဆက်လက် ထွက်ခွာခဲ့ပါတယ်။

ခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မြန်မာသံရုံး၊ စစ်သံရုံး မိသားစုတွေနဲ့ ပညာတော်သင် သင်တန်းသားတွေကို တွေ့ဆုံခဲ့ပါတယ်။

?bph6