ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္နဲ႔ မေလးရွားႏိုင္ငံျခားေရး ဝန္ႀကီးတို႔ ေတြ႔ဆံု

0
97

ျမန္မာႏိုင္ငံကို ေရာက္ရွိေနတဲ့ မေလးရွားႏိုင္ငံျခားေရးဝန္ႀကီး ဒါတြတ္ ဆာအီ ဖူဒင္ အဗၺဒူလာဟာ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို ေနျပည္ေတာ္မွာ ဧၿပီလ ၈ ရက္ေန႔က သြားေရာက္ ေတြ႔ဆံုပါတယ္။

ေတြ႔ဆံုစဥ္ ရခိုင္ျပည္နယ္ရဲ႕ ေနာက္ဆံုးအေျခအေန၊ ေနရပ္စြန္႔ခြာသူေတြ ျပန္လည္စိစစ္လက္ခံေရး လုပ္ငန္းစဥ္မွာ မေလးရွားႏိုင္ငံနဲ႔ အာဆီယံအဖြဲ႔တို႔က ပူးေပါင္းေဆာင္ရြက္ေပးႏိုင္မယ့္ နည္းလမ္းေတြကို ပြင့္လင္းစြာ ေဆြးေႏြးခဲ့ပါတယ္။

မေလးရွားဝန္ႀကီးခ်ဳပ္ မဟာသီယာ မိုဟာမက္ အစိုးရ ၂၀၁၈ ခုႏွစ္မွာ တာဝန္ယူၿပီးေနာက္ ပထမဆံုး မေလးရွား အဆင့္ျမင့္ပုဂၢိဳလ္အျဖစ္ မေလးရွား ႏိုင္ငံျခားေရးဝန္ႀကီး ဒါတြတ္ ဆာအီ ဖူဒင္ အဗၺဒူလာဟာ ျမန္မာႏိုင္ငံကို ဧၿပီလ ၇ ရက္ေန႔က စတင္ၿပီး ႏွစ္ရက္ၾကာ ခရီးစဥ္ လာေရာက္တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ မလေးရှားနိုင်ငံခြားရေး ဝန်ကြီးတို့ တွေ့ဆုံ

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဒါတွတ် ဆာအီ ဖူဒင် အဗ္ဗဒူလာဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်မှာ ဧပြီလ ၈ ရက်နေ့က သွားရောက် တွေ့ဆုံပါတယ်။

တွေ့ဆုံစဉ် ရခိုင်ပြည်နယ်ရဲ့ နောက်ဆုံးအခြေအနေ၊ နေရပ်စွန့်ခွာသူတွေ ပြန်လည်စိစစ်လက်ခံရေး လုပ်ငန်းစဉ်မှာ မလေးရှားနိုင်ငံနဲ့ အာဆီယံအဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ပေးနိုင်မယ့် နည်းလမ်းတွေကို ပွင့်လင်းစွာ ဆွေးနွေးခဲ့ပါတယ်။

မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက် အစိုးရ ၂၀၁၈ ခုနှစ်မှာ တာဝန်ယူပြီးနောက် ပထမဆုံး မလေးရှား အဆင့်မြင့်ပုဂ္ဂိုလ်အဖြစ် မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဒါတွတ် ဆာအီ ဖူဒင် အဗ္ဗဒူလာဟာ မြန်မာနိုင်ငံကို ဧပြီလ ၇ ရက်နေ့က စတင်ပြီး နှစ်ရက်ကြာ ခရီးစဉ် လာရောက်တာ ဖြစ်ပါတယ်။

?bph6