
0
463




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံ

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ် ပွန်ပီယိုနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အေ၊ ကေ၊ အဗ္ဗဒူမိုမင်တို့ ဧပြီလ ၈ ရက်နေ့က အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

တွေ့ဆုံစဉ် ဘင်္ဂါလီ မွတ်စလင်တွေကို လက်ခံပေးထားတဲ့ ဘင်္ဂလားဒေ့ရှ်ကို နိုင်ငံတကာ အသိုင်းအဝိုင်းက ဆက်လက် ကူညီပေးဖို့၊ မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ အကျပ်အတည်းဖြစ်ရတဲ့ အကြောင်းရင်းတွေကို ဆွေးနွေးခဲ့ကြတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဘင်္ဂါလီ မွတ်စလင်တွေ မိမိဆန္ဒအလျောက် နေရပ်ပြန်နိုင်မယ့် အခြေအနေ ဖန်တီးပေးဖို့ လိုအပ်ကြောင်း၊ အဲဒီအကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ မြန်မာနိုင်ငံဘက်က တာဝန်ရှိကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ပါတယ်။

?bph6