မုံရွာ ချင်းတွင်းသင်္ကြန်အတွက် သောင်ပြင်မှာ သဲပန်းပု ၂၀ ကျော်ကိုထုလုပ်နေ
0
192
Soundbite ကိုအောင်နိုင်လင်း (သဲပန်းပုလာရောက်လေ့လာသူ၊ မန္တလေးမြို့)
မုံရွာမြို့ ချင်းတွင်းသင်္ကြန်အတွက် မြစ်သဲသောင်ပြင်ပေါ်မှာ သဲပန်းပုရုပ်ထု ၂၀ ကျော်ကို မန္တလေးအနုပညာတက္ကသိုလ် ကျောင်းသားလူငယ် ၂၀ ကျော်က ထုလုပ်နေပါတယ်။ ဒီသတင်းကို MCN မုံရွာသတင်းထောက် တင်မာဆွေက ပေးပို့ထားပြီး သက်နောင်စိုး က တင်ဆက်ပေးထားပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှာ ၂၀၁၉ ခုနှစ် ချင်းတွင်းသင်္ကြန်ပွဲတော်အတွက် ချင်းတွင်းမြစ်ရဲ့ သောင်ပြင်ပေါ်မှာ သဲပန်းပုပြကွက်တွေ ပြသဖို့အတွက် မန္တလေးအနုပညာတက္ကသိုလ် ကျောင်းသားလူငယ် ၂၀ ကျော်က သဲပန်းပု ထုလုပ်နေတာ ဖြစ်ပါတယ်။
Soundbite ကိုဝလုံး ( သဲပန်းပုဦးဆောင်ထုလုပ်သူ)
အဲဒီကျောင်းသားလူငယ်တွေ ရေပက်နေတဲ့ ကာတွန်းရုပ်ကလေးတွေ၊ ရဲတိုက်အဆောက်ဦးပုံစံတွေ၊ မြို့အဝင်မုဒ်ဦးပုံစံတွေ၊ ရေသူမ ရုပ်ထု ပုံစံ စတဲ့ ရုပ်ထုပေါင်း ၂၀ ကျော်ကို ထုလုပ်ပြသထားပါတယ်။
Soundbite ဦးကျော်မိုးလှိုင် ( မုံရွာမြို့ အရပ်ဘက်လူ့အဖွဲ့စည်း)
ထုလုပ်ထားတဲ့ သဲပန်းပုတွေက ရိုးရိုးသဲပုံပြီး ထုလုပ်တာနဲ့ ပုံရိုက်ပြီး ထုလုပ်တာ နှစ်မျိူး ရှိပါတယ်။ ပုံရိုက်ပြီးထုလုပ်တဲ့ သဲပန်းပုရုပ်တွေက ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိပြီး မိုးရွာရင်လည်း ပျက်စီးခြင်းမရှိပဲ အချိန် ၁ လအထိ ခံနိုင်ရည်ရှိတယ်လို့ သဲပန်းပု ထုလုပ်သူတွေက ပြောပါတယ်။
Soundbite ကိုအောင်နိ်ုင်လင်း (သဲပန်းပုလာရောက်လေ့လာသူ၊ မန္တလေးမြို့)
ဒုတိယအကြိမ်ပြုလုပ်မယ့် ချင်းတွင်းသင်္ကြန်မှာ သဲပန်းပုပြကွက်တွေအပြင် လာရောက်လည်ပတ်သူတွေ ချင်းတွင်းမြစ်သဲသောင်ပြင်မှာ နားနေဖို့ အပန်းဖြေရေချိုးရာနေရာတွေ၊ ရေလွှာလျောစီးတွေ အပါအဝင် စတုတီသာမဏ္ဍပ်တွေ၊ ဖျော်ဖြေရေးမဏ္ဍပ်တွေ၊ တိုင်းရင်းသားရိုးရာပြခန်းတွေ ပါဝင်မှာ ဖြစ်ပါတယ် ခင်ဗျာ။
?bph6