အစိုးရက ျပည္တြင္းၿငိမ္းခ်မ္းေရးကို မစဥ္းစားပဲ မဲအႏိုင္ရဖို႔ပဲ စဥ္းစားေနတယ္လို႔ ေျပာ

0
225

အစိုးက ျပည္တြင္းၿငိမ္းခ်မ္းေရးအတြက္ မစဥ္းစားဘဲ မဲအႏုိင္ရရွိေရးေလာက္ကိုပဲ စဥ္းစားေနတယ္လို႔ ရခုိင္အမ်ိဳးသားပါတီက ေ၀ဖန္ေျပာၾကားပါတယ္။ ဒီသတင္းကို MCN ရခုိင္ျပည္နယ္ သတင္းေထာက္ မင္းမ်ိဳးႏြယ္က ေပးပို႔ထားပါတယ္။

ရခိုင္ျပည္နယ္အတြင္းမွာ တပ္မေတာ္နဲ႔ AA လက္နက္ကိုင္အဖြဲ႔တုိ႔အၾကား တိုက္ပြဲေတြျဖစ္ပြားမႈ ၅ လနီးပါး ကာလအတြင္း ေနရပ္စြန္႔ခြာထြက္ေျပးေနၾကရတဲ့ ေဒသခံတုိင္းရင္းသား ၂ ေသာင္းခြဲေက်ာ္ဟာ စား၀တ္ေနေရး အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနရတာပါ။

ရခုိင္ျပည္နယ္အတြင္းက စစ္ေဘးေရွာင္ေတြနဲ႔ပတ္သက္လို႔ ေထာက္ပံ့ကူညီမႈေတြျပဳလုပ္ေပးထားၿပီး သူတုိ႔ေတြအတြက္ အခက္အခဲေတြမရွိဘူးလို႔ ရခိုင္ျပည္နယ္ဝန္ႀကီးခ်ဳပ္က ေျပာဆိုေနေပမယ့္ အစိုးရ အဖြဲ႔ဝင္ေတြအေနနဲ႔ ျပႆနာျဖစ္ပြားေနတဲ့ ေဒသေတြကို မလာေရာက္တဲ့အတြက္ အေျခအေနမွန္ကို မသိရွိဘူးလို႔ ရခိုင္အမ်ိဳးသားပါတီ ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီ၀င္ ဦးဦးလွေစာက ေျပာပါတယ္။

ဒါ့အျပင္ အစိုးရက ျပည္တြင္းၿငိမ္းခ်မ္းေရးအတြက္ မစဥ္းစားဘဲ သူတုိ႔မဲ အႏုိင္ရရွိေရးအတြက္ကိုပဲ စဥ္းစားေန တယ္လို႔လည္း ေ၀ဖန္ေျပာဆိုခဲ့ပါတယ္။

Sound Bite – ဦးဦးလွေစာ (ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီဝင္)
ရခိုင္အမ်ိဳးသားပါတီ

အဲ့ဒီစစ္ေဘးေရွာင္ေတြဟာ ၿမိဳ႕နယ္ေျခာက္ၿမိဳ႕နယ္အတြင္းက ယာယီကယ္ဆယ္ေရးစခန္းေတြမွာ ေနထိုင္ေနၾကတာျဖစ္ၿပီး စားနပ္ရိကၡာျပတ္ေတာက္မႈေတြရွိေနသလို ေနရပ္ကိုျပန္ႏုိင္မယ့္အေျခအေန မရွိေသးတာေၾကာင့္ မိုးတြင္းကာလမွာ အမိုးအကာေအာက္ကို ေရာက္ရွိေရးအတြက္ အေရးတႀကီး လိုအပ္ေနတာ ျဖစ္ပါတယ္။

Sound Bite ဦးေက်ာ္သာတင္ (ဥကၠဌ)
CSO ေပါင္းစံု စစ္ေဘးေရွာင္ကူညီေရးေကာ္မတီ (ရေသ့ေတာင္ၿမိဳ႕)

ဒါ့အျပင္ အဲဒီလို အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနၾကရတဲ့ စစ္ေဘးေရွာင္စခန္းေတြကို ေထာက္ပံ့ ကူညီေပးႏုိင္ေရး အတြက္ စစ္ေတြၿမိဳ႕မေဈးႀကီးမွာ အလွဴေငြေကာက္ခံေနၾကတဲ့ လူမႈအဖြဲ႔အစည္းတခ်ိဳ႕ကို ရဲဲတပ္ဖြဲ႔က တားျမစ္မႈေတြ ရွိေနပါတယ္ခင္ဗ်ာ။

အစိုးက ပြည်တွင်းငြိမ်းချမ်းရေးအတွက် မစဉ်းစားဘဲ မဲအနိုင်ရရှိရေးလောက်ကိုပဲ စဉ်းစားနေတယ်လို့ ရခိုင်အမျိုးသားပါတီက ဝေဖန်ပြောကြားပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ တပ်မတော်နဲ့ AA လက်နက်ကိုင်အဖွဲ့တို့အကြား တိုက်ပွဲတွေဖြစ်ပွားမှု ၅ လနီးပါး ကာလအတွင်း နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ ဒေသခံတိုင်းရင်းသား ၂ သောင်းခွဲကျော်ဟာ စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာပါ။

ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်တွေနဲ့ပတ်သက်လို့ ထောက်ပံ့ကူညီမှုတွေပြုလုပ်ပေးထားပြီး သူတို့တွေအတွက် အခက်အခဲတွေမရှိဘူးလို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ပြောဆိုနေပေမယ့် အစိုးရ အဖွဲ့ဝင်တွေအနေနဲ့ ပြဿနာဖြစ်ပွားနေတဲ့ ဒေသတွေကို မလာရောက်တဲ့အတွက် အခြေအနေမှန်ကို မသိရှိဘူးလို့ ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဦးလှစောက ပြောပါတယ်။

ဒါ့အပြင် အစိုးရက ပြည်တွင်းငြိမ်းချမ်းရေးအတွက် မစဉ်းစားဘဲ သူတို့မဲ အနိုင်ရရှိရေးအတွက်ကိုပဲ စဉ်းစားနေ တယ်လို့လည်း ဝေဖန်ပြောဆိုခဲ့ပါတယ်။

Sound Bite – ဦးဦးလှစော (ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်)
ရခိုင်အမျိုးသားပါတီ

အဲ့ဒီစစ်ဘေးရှောင်တွေဟာ မြို့နယ်ခြောက်မြို့နယ်အတွင်းက ယာယီကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်နေကြတာဖြစ်ပြီး စားနပ်ရိက္ခာပြတ်တောက်မှုတွေရှိနေသလို နေရပ်ကိုပြန်နိုင်မယ့်အခြေအနေ မရှိသေးတာကြောင့် မိုးတွင်းကာလမှာ အမိုးအကာအောက်ကို ရောက်ရှိရေးအတွက် အရေးတကြီး လိုအပ်နေတာ ဖြစ်ပါတယ်။

Sound Bite ဦးကျော်သာတင် (ဥက္ကဌ)
CSO ပေါင်းစုံ စစ်ဘေးရှောင်ကူညီရေးကော်မတီ (ရသေ့တောင်မြို့)

ဒါ့အပြင် အဲဒီလို အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတဲ့ စစ်ဘေးရှောင်စခန်းတွေကို ထောက်ပံ့ ကူညီပေးနိုင်ရေး အတွက် စစ်တွေမြို့မဈေးကြီးမှာ အလှူငွေကောက်ခံနေကြတဲ့ လူမှုအဖွဲ့အစည်းတချို့ကို ရဲတပ်ဖွဲ့က တားမြစ်မှုတွေ ရှိနေပါတယ်ခင်ဗျာ။

?bph6