ျမန္မာ-ဘဂၤလားေဒ့ရွ္ ႏွစ္ႏိုင္ငံ နယ္ျခားေစာင့္တပ္ေတြ ေတြ႔ဆံု ေဆြးေႏြး

0
125

ျမန္မာ ရဲတပ္ဖြဲ႔နဲ႔ ဘဂၤလားေဒ့ရွ္ နယ္ျခားေစာင့္တပ္ (BGB) အဆင့္ျမင့္အရာရွိေတြရဲ႕ ငါးရက္ၾကာ ေဆြးေႏြးပြဲကို ဧၿပီလ ၆ ရက္ေန႔က ေနျပည္ေတာ္မွာ စတင္ က်င္းပပါတယ္။

ယာဘေဆးျပား အပါအဝင္ မူးယစ္ေဆးဝါး တားဆီးႏွိမ္နင္းေရး၊ အၾကမ္းဖက္ဝါဒ ႏွိမ္နင္းေရး၊ တရားမဝင္ နယ္စပ္ျဖတ္ေက်ာ္မႈ တားဆီးေရး၊ ဘဂၤါလီ ဒုကၡသည္ေတြ ေနရပ္ျပန္ေရးတို႔ကို ေဆြးေႏြးၾကတာ ျဖစ္တယ္လို႔ ဘဂၤလားေဒ့ရွ္ ျပည္သူ႔ဆက္ဆံေရး ဌာန အရာရွိ မိုဆင္ ရီဇာက ေျပာပါတယ္။

ဒါ့အျပင္ နယ္စပ္တ္ေလွ်ာက္ ျမန္မာ-ဘဂၤလားေဒ့ရွ္ ပူးတြဲအဖြဲ႔ေတြ ကင္းလွည့္ေရး၊ အလံတင္ အစည္းအေဝး က်င္းပေရးေတြကိုလည္း ေဆြးေႏြးေနပါတယ္။ ဘဂၤလားေဒ့ရွ္ နယ္ျခားေစာင့္တပ္ဖြဲ႔ ညႊန္ၾကားေရးမွဴး ဗုိလ္ခ်ဳပ္ႀကီး မက္ဒ္ ရွဖီးႏူလ္ အစၥလာမ္ ဦးေဆာင္တဲ့ အဖြဲ႔ဝင္ ၁၁ ဦးပါ အဖြဲ႔နဲ႔ ျမန္မာႏိုင္ငံဘက္က ရဲမွဴးခ်ဳပ္ မ်ိဳးသန္း ဦးေဆာင္တဲ့ အဖြဲ႔ဝင္ ၁၇ ဦးပါ အဖြဲ႔တို႔ ေတြ႔ဆံုေဆြးေႏြးၾကတာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်တွေ တွေ့ဆုံ ဆွေးနွေး

မြန်မာ ရဲတပ်ဖွဲ့နဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) အဆင့်မြင့်အရာရှိတွေရဲ့ ငါးရက်ကြာ ဆွေးနွေးပွဲကို ဧပြီလ ၆ ရက်နေ့က နေပြည်တော်မှာ စတင် ကျင်းပပါတယ်။

ယာဘဆေးပြား အပါအဝင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး၊ အကြမ်းဖက်ဝါဒ နှိမ်နင်းရေး၊ တရားမဝင် နယ်စပ်ဖြတ်ကျော်မှု တားဆီးရေး၊ ဘင်္ဂါလီ ဒုက္ခသည်တွေ နေရပ်ပြန်ရေးတို့ကို ဆွေးနွေးကြတာ ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် ပြည်သူ့ဆက်ဆံရေး ဌာန အရာရှိ မိုဆင် ရီဇာက ပြောပါတယ်။

ဒါ့အပြင် နယ်စပ်တ်လျှောက် မြန်မာ-ဘင်္ဂလားဒေ့ရှ် ပူးတွဲအဖွဲ့တွေ ကင်းလှည့်ရေး၊ အလံတင် အစည်းအဝေး ကျင်းပရေးတွေကိုလည်း ဆွေးနွေးနေပါတယ်။ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ကြီး မက်ဒ် ရှဖီးနူလ် အစ္စလာမ် ဦးဆောင်တဲ့ အဖွဲ့ဝင် ၁၁ ဦးပါ အဖွဲ့နဲ့ မြန်မာနိုင်ငံဘက်က ရဲမှူးချုပ် မျိုးသန်း ဦးဆောင်တဲ့ အဖွဲ့ဝင် ၁၇ ဦးပါ အဖွဲ့တို့ တွေ့ဆုံဆွေးနွေးကြတာ ဖြစ်ပါတယ်။

?bph6