မေလးရွား ႏိုင္ငံျခားေရးဝန္ႀကီး ျမန္မာႏိုင္ငံကို ႏွစ္ရက္ၾကာခရီးစဥ္ လာေရာက္

0
142

မေလးရွားဝန္ႀကီးခ်ဳပ္ မဟာသီယာ မိုဟာမက္ အစိုးရ ၂၀၁၈ ခုႏွစ္မွာ တာဝန္ယူၿပီးေနာက္ ပထမဆံုး မေလးရွား အဆင့္ျမင့္ပုဂၢိဳလ္အျဖစ္ မေလးရွား ႏိုင္ငံျခားေရးဝန္ႀကီး ဒါတြတ္ ဆာအီ ဖူဒင္ အဗၺဒူလာဟာ ျမန္မာႏိုင္ငံကို ဧၿပီလ ၇ ရက္ေန႔က စတင္ၿပီး ႏွစ္ရက္ၾကာ ခရီးစဥ္ ေရာက္ရွိေနပါတယ္။

ျမန္မာနဲ႔ မေလးရွား ႏွစ္ႏိုင္ငံအၾကား အျပဳသေဘာ ေဆြးေႏြးဖို႔ အခြင့္အလမ္း ရရွိေစေရးနဲ႔ အနာဂတ္ ပူးေပါင္းေဆာင္ရြက္ရမယ့္ ကိစၥေတြအတြက္ အခုလို လာေရာက္တာ ျဖစ္တယ္လို႔ မေလးရွား ႏိုင္ငံျခားေရး ဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။

မေလးရွား ႏိုင္ငံျခားေရး ဝန္ႀကီးဟာ ခရီးစဥ္အတြင္း ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊ ႏိုင္ငံတကာ ပူးေပါင္းေဆာင္ရြက္ေရးဝန္ႀကီး ဦးေက်ာ္တင္၊ လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီး ေဒါက္တာ ဝင္းျမတ္ေအးတို႔နဲ႔ သီးျခားစီ ေတြ႔ဆံုေဆြးေႏြးမွာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မလေးရှား နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို နှစ်ရက်ကြာခရီးစဉ် လာရောက်

မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက် အစိုးရ ၂၀၁၈ ခုနှစ်မှာ တာဝန်ယူပြီးနောက် ပထမဆုံး မလေးရှား အဆင့်မြင့်ပုဂ္ဂိုလ်အဖြစ် မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဒါတွတ် ဆာအီ ဖူဒင် အဗ္ဗဒူလာဟာ မြန်မာနိုင်ငံကို ဧပြီလ ၇ ရက်နေ့က စတင်ပြီး နှစ်ရက်ကြာ ခရီးစဉ် ရောက်ရှိနေပါတယ်။

မြန်မာနဲ့ မလေးရှား နှစ်နိုင်ငံအကြား အပြုသဘော ဆွေးနွေးဖို့ အခွင့်အလမ်း ရရှိစေရေးနဲ့ အနာဂတ် ပူးပေါင်းဆောင်ရွက်ရမယ့် ကိစ္စတွေအတွက် အခုလို လာရောက်တာ ဖြစ်တယ်လို့ မလေးရှား နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

မလေးရှား နိုင်ငံခြားရေး ဝန်ကြီးဟာ ခရီးစဉ်အတွင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးတို့နဲ့ သီးခြားစီ တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။

?bph6