
0
199




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာနဲ့ တရုတ်ကျောင်းသားတွေ ရိုက်ကူးတဲ့ ရုပ်သံမှတ်တမ်းတွေ ပြသ

မြန်မာနဲ့ တရုတ် ကောလိပ်ကျောင်းသားတွေ ရိုက်ကူးတဲ့ ရုပ်သံမှတ်တမ်းတွေ ပြသပွဲကို ရန်ကုန်မြို့မှာ ကျင်းပခဲ့ပါတယ်။

တရုတ်နိုင်ငံ၊ ယူနန်တက္ကသိုလ်ရှိ စာနယ်ဇင်းသင်တန်းကျောင်းမှာ Future Communicator အစီအစဉ်မှာ သင်တန်းလာတက်တဲ့ မြန်မာလူငယ် ကိုးဦးနဲ့ တရုတ် ကျောင်းသားတွေက ၂၀၁၈ ခုနှစ် နှစ်ကုန်မှာ ရုပ်သံမှတ်တွေ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

မတ်လ ၂၉ ရက်နေ့က ပြသတဲ့ ရုပ်သံမှတ်တမ်း ခြောက်ခုကတော့ “Beauty of Yunnan” ၊ “Myanmar Youths in Yunnan” ၊ “Animated Plants in Yunnan” ၊ “Technology in Your Sight” ၊ “Blossoming” နဲ့ “Half A Month” တို့ ဖြစ်ပြီး ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှု စင်တာမှာ ပြသခဲ့တာ ဖြစ်ပါတယ်။

?bph6