ဥပေဒ ေက်ာင္းသူ ေက်ာင္းသားေတြ အေမရိကန္မွာ ေရွ႕ေန ယွဥ္ၿပိဳင္ပြဲ သြားေရာက္ ယွဥ္ၿပိဳင္မယ္

0
267

ဥပေဒပညာ ေက်ာင္းသူ ေက်ာင္းသားေတြနဲ႔ သူတို႔ရဲ႕ နည္းျပေတြ ပါဝင္တဲ့ ရန္ကုန္တကၠသိုလ္အသင္းဟာ အေမရိကန္ႏိုင္ငံ၊ ဝါရွင္တန္ဒီစီမွာ က်င္းပမယ့္ ႏိုင္ငံတကာ ဥပေဒအရ ေရွ႕ေနလိုက္တာနဲ႔ ပတ္သက္တဲ့ ၿပိဳင္ပြဲကို ပထမဆံုးအႀကိမ္အျဖစ္ သြားေရာက္ ယွဥ္ၿပိဳင္မွာ ျဖစ္ပါတယ္။

Philip C. Jessup International Moot Court Competition ၿပိဳင္ပြဲမွာ ျမန္မာႏိုင္ငံ ကိုယ္စားျပဳအသင္းက ႏိုင္ငံေပါင္း ၁၀၀ က ဥပေဒ ေက်ာင္းသူ ေက်ာင္းသား ၇၀၀ နဲ႔အတူ ယွဥ္ၿပိဳင္မွာ ျဖစ္တယ္လို႔ ျမန္မာႏိုင္ငံဆိုင္ရာ အေမရိကန္ သံ႐ံုးက သတင္းထုတ္ျပန္ထားပါတယ္။

ျမန္မာႏိုင္ငံအတြင္းရွိ တကၠသိုလ္ေလးခုကေန ကိုယ္စားျပဳ ယွဥ္ၿပိဳင္ရတဲ့ ၿပိဳင္ပြဲကိုလည္း အေမရိကန္ စင္တာမွာ က်င္းပႏိုင္ေရး ကူညီပံ့ပိုးေပးခဲ့ၿပီး ျဖစ္ပါတယ္။ အခုလို ကူညီတာဟာ ျမန္မာႏိုင္ငံအတြင္းက ဥပေဒေရးရာက႑ ထူးခြ်န္တဲ့ အနာဂတ္ မ်ိဳးဆက္အတြက္ ရင္းႏွီးျမွဳပ္ႏွံတဲ့ နည္းလမ္းတစ္ရပ္ျဖစ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဥပဒေ ကျောင်းသူ ကျောင်းသားတွေ အမေရိကန်မှာ ရှေ့နေ ယှဉ်ပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်မယ်

ဥပဒေပညာ ကျောင်းသူ ကျောင်းသားတွေနဲ့ သူတို့ရဲ့ နည်းပြတွေ ပါဝင်တဲ့ ရန်ကုန်တက္ကသိုလ်အသင်းဟာ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီမှာ ကျင်းပမယ့် နိုင်ငံတကာ ဥပဒေအရ ရှေ့နေလိုက်တာနဲ့ ပတ်သက်တဲ့ ပြိုင်ပွဲကို ပထမဆုံးအကြိမ်အဖြစ် သွားရောက် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

Philip C. Jessup International Moot Court Competition ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအသင်းက နိုင်ငံပေါင်း ၁၀ဝ က ဥပဒေ ကျောင်းသူ ကျောင်းသား ၇၀ဝ နဲ့အတူ ယှဉ်ပြိုင်မှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံအတွင်းရှိ တက္ကသိုလ်လေးခုကနေ ကိုယ်စားပြု ယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲကိုလည်း အမေရိကန် စင်တာမှာ ကျင်းပနိုင်ရေး ကူညီပံ့ပိုးပေးခဲ့ပြီး ဖြစ်ပါတယ်။ အခုလို ကူညီတာဟာ မြန်မာနိုင်ငံအတွင်းက ဥပဒေရေးရာကဏ္ဍ ထူးချွန်တဲ့ အနာဂတ် မျိုးဆက်အတွက် ရင်းနှီးမြှုပ်နှံတဲ့ နည်းလမ်းတစ်ရပ်ဖြစ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

?bph6