လုပ်ကိုင်ချင်တဲ့ လုပ်ငန်းခွင်ကို ရောက်အောင် Plan International သင်ကြားပေး

0
288




ဒဂုံတက္ကသိုလ်


B.E Civil (YTU)


လူငယ်တွေ လုပ်ငန်းခွင်မဝင်ခင်မှာ ရှိနေပြီးသားအရည်အချင်းနဲ့ လုပ်ကိုင်ချင်တဲ့ လုပ်ငန်းခွင်ကို မှန်မှန်ကန်ကန်ရောက်ဖို့ Plan International ကနေ လေ့ကျင့်သင်ကြားပေးနေပါတယ်။ ဒီသတင်းကို MCN သတင်း ထောက်ဌေးဌေးကပေးပို့ထားပါတယ်။

Plan International က တက္ကသိုလ်မှာ တက်ရောက်ပညာသင်ကြားနေတဲ့ လူငယ်တွေနဲ့ ဘွဲ့ရထားတဲ့ လူငယ်တွေ လုပ်ငန်းခွင်ဝင်ရောက်လုပ်ကိုင်နိုင်ဖို့ အလုပ်ရှာတာ၊ အလုပ်လျှောက်တာနဲ့ လုပ်ငန်းခွင်မှာတည်မြဲဖို့အတွက် သင်တန်းတွေ ပေးနေတာပဲဖြစ်ပါတယ်။

ဒီသင်တန်းကို Orchit Hotel မှာ မတ်လ ၂၅ ရက်ကနေ ၂၇ ရက်အထိ သင်တန်းပေးခဲ့ တာဖြစ်ပြီး လူငယ်အယောက်၂၀ ကို သင်တန်းပို့ချပေးခဲ့တာပါ။

Soundbite;မမျိုးမြတ်ကြည် (Zool Third Year)
ဒဂုံတက္ကသိုလ်

ရည်မှန်းချက်ပန်းတိုင်ကို ချမှတ်နည်း၊ အလုပ်လျှောက်ထားဖို့ရှာဖွေနည်း၊ အင်တာဗျူးဖောင်ရေးနည်း၊ အင်တာဗျူးဖြေကြားတဲ့ နည်းလမ်းတွေနဲ့ လုပ်ငန်းခွင်အတွင်း ပဋိပက္ခဖြေရှင်းနည်းလမ်းတွေကို သင်ကြား ပေးခဲ့တာပဲဖြစ်ပါတယ်။

Soundbite;မအင်ကြင်းမွှေး(ဘွဲ့ရကျောင်းသူ)
B.E Civil (YTU)

Plan International အဖွဲ့အနေနဲ့ တက္ကသိုလ်တက်ရောက်နေတဲ့ လူငယ်တွေနဲ့ ဘွဲ့ရလူငယ်တွေ အလုပ်အကိုင်ရရှိရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပထမဆုံးအကြိမ် သင်တန်းပေးခဲ့တာဖြစ်ပြီး သာကေတမြို့နယ်က လူငယ် နှစ်ဆယ်ကျော်ကို သင်ကြားပေးခဲ့သလို အခု ဗိုလ်တထောင်မြို့နယ်က လူငယ်အယောက် နှစ်ဆယ်ကိုလည်း သင်တန်းပေးခဲ့တာဖြစ်ပါတယ်ရှင်။

?bph6