ေျမာက္ဦးၿမိဳ႕နယ္ အတြင္းမွာ တပ္မေတာ္နဲ႔ AA တုိ႔ တုိက္ပြဲျဖစ္

0
378

ရခိုင္ျပည္နယ္၊ ေျမာက္ဦးၿမိဳ႕နယ္အတြင္းမွာ မေန႔ညက တပ္မေတာ္နဲ႔ AA လက္နက္ကိုင္ အဖြဲ႔တုိ႔အၾကား ထိေတြ႔တိုက္ပြဲေတြ ျဖစ္ပြားခဲ့ၾကပါတယ္။

တုိက္ပြဲေတြက ေျမာက္ဦးၿမိဳ႕ရဲ႕ ေျမာက္ဘက္ ၁၆ မိုင္ခန္႔အကြာ လင္းေျမြေတာင္တန္းအနီးနဲ႔ မက်ည္းကုန္း အနီးတဝိုက္မွာ ျဖစ္ပြားခဲ့ၾကတာျဖစ္ၿပီး ဒီကေန႔ မနက္ ၁ နာရီခြဲကေန စတင္ျဖစ္ပြားခဲ့တဲ့ ႏွစ္ဖက္တိုက္ပြဲဟာ မနက္ ၅ နာရီေလာက္မွာ ၿပီးဆံုးသြားခဲ့တယ္လို႔ ေဒခံေတြကေျပာပါတယ္။

တိုက္ပြဲအတြင္း ပစ္ခတ္လိုက္တဲ့ လက္နက္ႀကီးက်ည္တစ္ခုေၾကာင့္ မက်ည္းကုန္းနဲ႔ တစ္မိုင္ခန္႔အကြာမွာ ရွိေနတဲ့ ေတာင္ဦးေက်းရြာက ေနအိမ္တစ္အိမ္ ပ်က္စီးမႈရွိခဲ့တယ္လို႔ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းသာစိန္က ေျပာပါတယ္။ လက္နက္ႀကီး၊ လက္နကေတြနဲ႔ ပစ္ခတ္ခဲ့ၾကတဲ့အတြက္ အနီးဝန္းက်င္က ေဒသခံတခ်ိဳ႕ ေနအိမ္ေတြမွာ မေနရဲေတာ့ဘဲ ေဘးလြတ္ရာကို ထြက္ေျပးေနၾကသူေတြလည္း ရွိေနပါတယ္။

ဒါ့အျပင္ ဒီကေန႔မနက္ ၆ နာရီေလာက္မွာေတာ့ တပ္မေတာ္ဘက္ အဲ့ဒီေနရာတဝိုက္မွာ နယ္ေျမရွင္းလင္းမႈေတြ ေဆာင္ရြက္ခဲ့ရာမွာလည္း လက္နက္ႀကီး၊ လက္နက္ငယ္ေတြနဲ႔ ပစ္ခတ္တာေတြ ရွိခဲ့တယ္လို႔ ဦးထြန္းသာစိန္က ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြောက်ဦးမြို့နယ်အတွင်းမှာ တပ်မတော်နဲ့ AA တို့ တိုက်ပွဲဖြစ်

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းမှာ မနေ့ညက တပ်မတော်နဲ့ AA လက်နက်ကိုင် အဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ကြပါတယ်။

တိုက်ပွဲတွေက မြောက်ဦးမြို့ရဲ့ မြောက်ဘက် ၁၆ မိုင်ခန့်အကွာ လင်းမြွေတောင်တန်းအနီးနဲ့ မကျည်းကုန်း အနီးတဝိုက်မှာ ဖြစ်ပွားခဲ့ကြတာဖြစ်ပြီး ဒီကနေ့ မနက် ၁ နာရီခွဲကနေ စတင်ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲဟာ မနက် ၅ နာရီလောက်မှာ ပြီးဆုံးသွားခဲ့တယ်လို့ ဒေခံတွေကပြောပါတယ်။

တိုက်ပွဲအတွင်း ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တစ်ခုကြောင့် မကျည်းကုန်းနဲ့ တစ်မိုင်ခန့်အကွာမှာ ရှိနေတဲ့ တောင်ဦးကျေးရွာက နေအိမ်တစ်အိမ် ပျက်စီးမှုရှိခဲ့တယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောပါတယ်။ လက်နက်ကြီး၊ လက်နကတွေနဲ့ ပစ်ခတ်ခဲ့ကြတဲ့အတွက် အနီးဝန်းကျင်က ဒေသခံတချို့ နေအိမ်တွေမှာ မနေရဲတော့ဘဲ ဘေးလွတ်ရာကို ထွက်ပြေးနေကြသူတွေလည်း ရှိနေပါတယ်။

ဒါ့အပြင် ဒီကနေ့မနက် ၆ နာရီလောက်မှာတော့ တပ်မတော်ဘက် အဲ့ဒီနေရာတဝိုက်မှာ နယ်မြေရှင်းလင်းမှုတွေ ဆောင်ရွက်ခဲ့ရာမှာလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာတွေ ရှိခဲ့တယ်လို့ ဦးထွန်းသာစိန်က ပြောပါတယ်။

?bph6