ကေလးေတြမွာ ျဖစ္တတ္တဲ့ အတက္ေရာဂါကို အခ်ိန္မီမကုသပါက ေသဆံုးႏိုင္

0
329

ကေလးသူငယ္ေတြမွာ ျဖစ္ေပၚတတ္တ့ဲ အတက္ေရာဂါကို အခ်ိန္မီမကုသပါက အသက္ဆုံး႐ႈံးႏိုင္တ့ဲ အထိျဖစ္ေပၚႏိုင္တယ္လို႔ ရန္ကုန္ကေလးေဆး႐ုံႀကီးရဲ႕ ဦးေႏွာက္ႏွင့္ အာ႐ုံေၾကာ အထူးကုဆရာဝန္က ေျပာပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္စိုင္းဟန္က ေပးပို႔ထားပါတယ္။

ကေလးသူငယ္ေတြမွာ ျဖစ္ေပၚတတ္တ့ဲ အတက္ေရာဂါအမ်ိဳးအစားဟာ လူႀကီးေတြေလာက္ မျပင္ထန္ေပမယ့္ ေသခ်ာစနစ္တက် ေဆးကုသမႈမခံယူပါက ဥာဏ္ဖြံ႕ၿဖိဳးမႈထိခိုက္ႏိုင္တ့ဲအျပင္ အသက္ဆုံး႐ႈံးႏိုင္တ့ဲအထိ ျဖစ္ေပၚႏုိင္တယ္လို႔ ေျပာပါတယ္။

မတ္လ ၂၆ ရက္ေန႔က ရန္ကုန္ျမိဳ႕ ရန္ကုန္ကေလးေဆး႐ုံႀကီး(ဟယ္ပင္) တိုးခ်ဲေဆာင္သစ္မွာ အတက္ေရာဂါ အသိပညာ ဗဟုသုတျပန္႔ပြားေရး ရည္ရြယ္ၿပီး ‘၂၀၁၉ ခုႏွစ္ Purple Day အထိမ္းအမွတ္ေန႔’ အခမ္းအနား ျပဳလုပ္ခဲ့တာပါ။

Soundbite- ေဒါက္တာေခ်ာစုလိႈင္ (ဦးေႏွာက္ႏွင့္အာ႐ုံေၾကာအထူးကု)
ရန္ကုန္ကေလးေဆး႐ုံႀကီး(ဟယ္ပင္)

ကေလးသူငယ္အပါအ၀င္ ျမန္မာႏိုင္ငံမွာ အတက္ေရာဂါေ၀ဒနာခံစားေနရသူေတြကို စနစ္တက်ေဆးကုသႏိုင္ဖို႔ WHO နဲ႔ ပူးေပါင္းေဆာင္ရြက္ေနတာရွိတယ္လို႔ ေဆးတကၠသိုလ္(၁) ပါေမာကၡ/ဌာနမွဴး ေဒါက္တာ၀င္းမင္းသစ္ကေျပာပါတယ္။

Soundbite – ေဒါက္တာဝင္းမင္းသစ္ (ပါေမာကၡဌာနမွဴး)
ဦးေႏွာက္ႏွင့္အာ႐ုံေၾကာဌာန ရန္ကုန္ေဆး႐ုံႀကီး၊ေဆးတကၠသိုလ္(၁)

ကမၻာေပၚမွာ အတက္ေရာဂါျဖစ္ပြားသူ သန္း ၅၀ ေက်ာ္ေလာက္ရွိၿပီး ျမန္မာႏိုင္ငံ အတက္ေရာဂါ ေလ့လာစမ္းစစ္ခ်က္အရ လူအေယာက္တစ္ေထာင္မွာ (၁.၄)ေယာက္နီးပါး ျဖစ္ေပၚေနတယ္လို႔ ေျပာပါတယ္။

အ့ဲဒီေ၀ဒနာ ခံစားေနရာသူေတြဟာ အသိပညာ ဗဟုသုတနည္းပါးတာ၊ မွားယြင္းတ့ဲ အယူအဆေတြေၾကာင့္ မွန္ကန္တ့ဲ ေဆးကုသမႈမရွိတာ၊ ေဆးကုသမႈရရွိရန္ အလွမ္းကြာေဝးတာ စတ့ဲ အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနရတယ္လို႔လည္း ေျပာပါတယ္ ခင္ဗ်ာ။

ကလေးသူငယ်တွေမှာ ဖြစ်ပေါ်တတ်တဲ့ အတက်ရောဂါကို အချိန်မီမကုသပါက အသက်ဆုံးရှုံးနိုင်တဲ့ အထိဖြစ်ပေါ်နိုင်တယ်လို့ ရန်ကုန်ကလေးဆေးရုံကြီးရဲ့ ဦးနှောက်နှင့် အာရုံကြော အထူးကုဆရာဝန်က ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက်စိုင်းဟန်က ပေးပို့ထားပါတယ်။

ကလေးသူငယ်တွေမှာ ဖြစ်ပေါ်တတ်တဲ့ အတက်ရောဂါအမျိုးအစားဟာ လူကြီးတွေလောက် မပြင်ထန်ပေမယ့် သေချာစနစ်တကျ ဆေးကုသမှုမခံယူပါက ဉာဏ်ဖွံ့ဖြိုးမှုထိခိုက်နိုင်တဲ့အပြင် အသက်ဆုံးရှုံးနိုင်တဲ့အထိ ဖြစ်ပေါ်နိုင်တယ်လို့ ပြောပါတယ်။

မတ်လ ၂၆ ရက်နေ့က ရန်ကုန်မြို့ ရန်ကုန်ကလေးဆေးရုံကြီး(ဟယ်ပင်) တိုးချဲဆောင်သစ်မှာ အတက်ရောဂါ အသိပညာ ဗဟုသုတပြန့်ပွားရေး ရည်ရွယ်ပြီး ‘၂၀၁၉ ခုနှစ် Purple Day အထိမ်းအမှတ်နေ့’ အခမ်းအနား ပြုလုပ်ခဲ့တာပါ။

Soundbite- ဒေါက်တာချောစုလှိုင် (ဦးနှောက်နှင့်အာရုံကြောအထူးကု)
ရန်ကုန်ကလေးဆေးရုံကြီး(ဟယ်ပင်)

ကလေးသူငယ်အပါအဝင် မြန်မာနိုင်ငံမှာ အတက်ရောဂါဝေဒနာခံစားနေရသူတွေကို စနစ်တကျဆေးကုသနိုင်ဖို့ WHO နဲ့ ပူးပေါင်းဆောင်ရွက်နေတာရှိတယ်လို့ ဆေးတက္ကသိုလ်(၁) ပါမောက္ခ/ဌာနမှူး ဒေါက်တာဝင်းမင်းသစ်ကပြောပါတယ်။

Soundbite – ဒေါက်တာဝင်းမင်းသစ် (ပါမောက္ခဌာနမှူး)
ဦးနှောက်နှင့်အာရုံကြောဌာန ရန်ကုန်ဆေးရုံကြီး၊ဆေးတက္ကသိုလ်(၁)

ကမ္ဘာပေါ်မှာ အတက်ရောဂါဖြစ်ပွားသူ သန်း ၅၀ ကျော်လောက်ရှိပြီး မြန်မာနိုင်ငံ အတက်ရောဂါ လေ့လာစမ်းစစ်ချက်အရ လူအယောက်တစ်ထောင်မှာ (၁.၄)ယောက်နီးပါး ဖြစ်ပေါ်နေတယ်လို့ ပြောပါတယ်။

အဲ့ဒီဝေဒနာ ခံစားနေရာသူတွေဟာ အသိပညာ ဗဟုသုတနည်းပါးတာ၊ မှားယွင်းတဲ့ အယူအဆတွေကြောင့် မှန်ကန်တဲ့ ဆေးကုသမှုမရှိတာ၊ ဆေးကုသမှုရရှိရန် အလှမ်းကွာဝေးတာ စတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း ပြောပါတယ် ခင်ဗျာ။

?bph6