လာမယ့္ ဧၿပီလမွာ ျမန္မာ – ဘဂၤလားေဒ့ရွ္ ႏွစ္ႏုိင္ငံအစည္းအေဝး က်င္းပနုိင္ဖို႔ စီစဥ္ေန

0
184

လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာထားေရး ဝန္ႀကီးဌာန ျပည္ေထာင္စု ဝန္ႀကီး ေဒါက္တာ ဝင္းျမတ္ေအးက ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ မစၥ ခရစတင္း ဘာဂနာနဲ႔ မတ္လ ၂၅ ရက္ေန႔က ေတြ႔ဆုံစဥ္ ျမန္မာ-ဘဂၤလားေဒ့ရွ္ ႏွစ္ႏိုင္ငံ အစည္းအေဝး က်င္းပဖို႔ စီစဥ္ေနေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္႐ုံးနဲ႔ ဝန္ႀကီးဌာနတို႔ ပူးေပါင္း ေဆာင္႐ြက္ေနတဲ့ ေနရပ္စြန္႔ခြာသူေတြအတြက္ ျမန္မာႏိုင္ငံအစိုးရမွ ေဆာင္႐ြက္ေနမႈေတြနဲ႔ ပက္သတ္ၿပီး သတင္းအခ်က္အလက္ “Factsheet” ေရးသားျပဳစုေနမႈ၊ အဲဒီ “Factsheet” ကို ဘဂၤလားေဒ့ရွ္ႏိုင္ငံသို႔ ေရာက္ရွိေနတဲ့ ေနရပ္စြန္ခြာသူေတြထံ ျဖန္႔ျဖဴးေပးႏိုင္ေရး စတဲ့ကိစၥရပ္ေတြကုိ ေဆြးေႏြးခဲ့ၾကပါတယ္။

ရခိုင္ျပည္နယ္အတြင္းရွိ စစ္ေဘးေရွာင္ျပည္သူေတြကုိ လူသားခ်င္း စာနာေထာက္ထားမႈဆိုင္ရာ အကူအညီေတြ ေပးအပ္ေနမႈနဲ႔ ကမာၻ႔စားနပ္ရိကၡာအဖြဲ႔၊ ျမန္မာႏိုင္ငံၾကက္ေျခနီအသင္း၊ ICRC, IFRC တိုနဲ႔ ပူးေပါင္းၿပီး လူသားခ်င္း စာနာေထာက္ထားမႈ အကူအညီေတြ ပိုမိုထိေရာက္စြာ ေပးအပ္ႏိုင္ေရးအတြက္ ညႇိႏႈိင္းေဆာင္႐ြက္ေနမႈေတြကို ေဆြးေႏြးခဲ့ၾကပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လာမယ့် ဧပြီလမှာ မြန်မာ – ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအစည်းအဝေး ကျင်းပနိုင်ဖို့ စီစဉ်နေ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ ခရစတင်း ဘာဂနာနဲ့ မတ်လ ၂၅ ရက်နေ့က တွေ့ဆုံစဉ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ အစည်းအဝေး ကျင်းပဖို့ စီစဉ်နေကြောင်း ပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ရုံးနဲ့ ဝန်ကြီးဌာနတို့ ပူးပေါင်း ဆောင်ရွက်နေတဲ့ နေရပ်စွန့်ခွာသူတွေအတွက် မြန်မာနိုင်ငံအစိုးရမှ ဆောင်ရွက်နေမှုတွေနဲ့ ပက်သတ်ပြီး သတင်းအချက်အလက် “Factsheet” ရေးသားပြုစုနေမှု၊ အဲဒီ “Factsheet” ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေတဲ့ နေရပ်စွန်ခွာသူတွေထံ ဖြန့်ဖြူးပေးနိုင်ရေး စတဲ့ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူတွေကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်နေမှုနဲ့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ICRC, IFRC တိုနဲ့ ပူးပေါင်းပြီး လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ပိုမိုထိရောက်စွာ ပေးအပ်နိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်နေမှုတွေကို ဆွေးနွေးခဲ့ကြပါတယ်။

?bph6