
0
278




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

(၇၄) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် အောင်ဆန်းသူရိယဘွဲ့ရသူတွေ ရုပ်တု ဖွင့်လှစ်

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ (၇၄) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် အောင်ဆန်းသူရိယဘွဲ့ ရရှိခဲ့သူ ခြောက်ဦးရဲ့ ရုပ်တုတွေ ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ဖွင့်လှစ်ခဲ့ပါတယ်။

အဲဒီ ရုပ်တုတွေ ဖွင့်ပွဲကို ဒီကနေ့ မတ်လ ၂၆ ရက်နေ့မှာ သူရဲကောင်းဗိမာန် (နေပြည်တော်) မှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

(၇၄) နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် အောင်ဆန်းသူရိယဘွဲ့ ရရှိခဲ့သူ တပ်မတော်သား ၆ ဦးရဲ့ ရုပ်တုဖွင့်ပွဲ အခမ်းအနားကို နိုင်ငံတော် သမ္မတဟောင်း ဦးသိန်းစိန် အပါအဝင် တပ်မတော်က ဗိုလ်ချုပ်ကြီးဟောင်းတွေလည်း တက်ရောက်ခဲ့ကြပါတယ်။

?bph6