ပန္းတေနာ္မွာ အႏုၾကမ္းစီးၿပီး ေငြက်ပ္ သိန္း ၁၅၀ နဲ႔ ေရႊထည္ေတြ ယူသြား

0
358

ဧရာဝတီတိုင္း၊ မအူပင္ခ႐ိုင္၊ ပန္းတေနာ္ၿမိဳ႕နယ္၊ ေရလဲႏွဲေကာ ေက်းရြာမွာ အႏုၾကမ္းစီးမႈ ျဖစ္ပြားခဲ့ၿပီး ျမန္မာက်ပ္ေငြ သိန္း ၁၅၀ အျပင္ ေရႊထည္ပစၥည္းေတြပါ ယူသြားမႈ ျဖစ္ပြားခဲ့ေၾကာင္း ျပည္ထဲေရး ဝန္ႀကီးဌာနက သတင္းထုတ္ပါတယ္။

ေရလဲႏွဲေကာ ေက်း႐ြာေန ဦးစိန္ေမာင္ရဲ႕အိမ္မွာ မတ္လ ၂၄ ရက္ေန႔က ည ၁၂ နာရီခြဲအခ်ိန္က ျဖစ္ပြားခဲ့တာပါ။ အမ်ိဳးသား ေလးဦးက ဦးစိန္ေမာင္ရဲ႕ မ်က္ႏွာကို ဓာတ္မီးနဲ႔ထိုးၿပီး မ်က္ႏွာနဲ႔ရင္ဘတ္ကို လက္သီး၊ ေျခေထာက္ေတြနဲ႔ ထိုးႀကိတ္ကန္ေၾကာက္ၿပီး လက္နဲ႔ ေျခေထာက္ေတြကို ေနအိမ္ရွိ ဝါယာႀကိဳးနဲ႔ ခ်ည္ေႏွာင္ခဲ့ပါတယ္။

ဦးေခါင္းကို ပီနံအိတ္နဲ႔ စြပ္ၿပီး ခုတင္တိုင္မွာ ပူးတြဲခ်ည္ေႏွာင္ခဲ့ကာ ေနအိမ္ရွိ ေသတၱာအတြင္းက ေငြက်ပ္ သိန္း ၁၅၀၊ ေ႐ႊဆြဲႀကိဳး ၁ ကုံး၊ ေ႐ႊလက္ေကာက္ ၆ ကြင္းကို ယူေဆာင္သြားခဲ့ပါတယ္။
ျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး အႏုၾကမ္းစီးခဲ့တဲ့ အမ်ိဳးသား ေလးဦးကုိ ပန္းတေနာ္ၿမိဳ႕မ ရဲစခန္း လုယက္စဥ္ နာက်င္ေစမႈနဲ႔ အမႈဖြင့္စုံစမ္းေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပန်းတနော်မှာ အနုကြမ်းစီးပြီး ငွေကျပ် သိန်း ၁၅၀ နဲ့ ရွှေထည်တွေ ယူသွား

ဧရာဝတီတိုင်း၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ရေလဲနှဲကော ကျေးရွာမှာ အနုကြမ်းစီးမှု ဖြစ်ပွားခဲ့ပြီး မြန်မာကျပ်ငွေ သိန်း ၁၅၀ အပြင် ရွှေထည်ပစ္စည်းတွေပါ ယူသွားမှု ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက သတင်းထုတ်ပါတယ်။

ရေလဲနှဲကော ကျေးရွာနေ ဦးစိန်မောင်ရဲ့အိမ်မှာ မတ်လ ၂၄ ရက်နေ့က ည ၁၂ နာရီခွဲအချိန်က ဖြစ်ပွားခဲ့တာပါ။ အမျိုးသား လေးဦးက ဦးစိန်မောင်ရဲ့ မျက်နှာကို ဓာတ်မီးနဲ့ထိုးပြီး မျက်နှာနဲ့ရင်ဘတ်ကို လက်သီး၊ ခြေထောက်တွေနဲ့ ထိုးကြိတ်ကန်ကြောက်ပြီး လက်နဲ့ ခြေထောက်တွေကို နေအိမ်ရှိ ဝါယာကြိုးနဲ့ ချည်နှောင်ခဲ့ပါတယ်။

ဦးခေါင်းကို ပီနံအိတ်နဲ့ စွပ်ပြီး ခုတင်တိုင်မှာ ပူးတွဲချည်နှောင်ခဲ့ကာ နေအိမ်ရှိ သေတ္တာအတွင်းက ငွေကျပ် သိန်း ၁၅၀၊ ရွှေဆွဲကြိုး ၁ ကုံး၊ ရွှေလက်ကောက် ၆ ကွင်းကို ယူဆောင်သွားခဲ့ပါတယ်။
ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အနုကြမ်းစီးခဲ့တဲ့ အမျိုးသား လေးဦးကို ပန်းတနော်မြို့မ ရဲစခန်း လုယက်စဉ် နာကျင်စေမှုနဲ့ အမှုဖွင့်စုံစမ်းနေပါတယ်။

?bph6