
0
678




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရန်ကုန်တိုင်းအစိုးရကို ကော်မရှင်က အရေးယူပေးဖို့ NDF ကြေညာချက်ထုတ်

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အနေနဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို အရေးယူပေးဖို့ အမျိုးသားဒီမိုကရေစီ အင်အားစု ပါတီ (NDF) က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ပြည်သူတွေက ရန်ကုန်တိုင်းအစိုးရနဲ့ ပတ်သက်ပြီး တိုင်ကြားထားတဲ့အမှုတွေကို ကော်မရှင်အနေနဲ့ သမာသမတ်ကျကျ အရေးယူပေးဖို့နဲ့ ကော်မရှင်ရဲ့ ဆောင်ရွက်ချက်တွေကို ပြည်သူတွေ ပွင့်လင်းမြင်သာအောင် သတင်းထုတ်ပြန်ပေးဖို့ မတ်လ ၂၅ ရက်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။

ရန်ကုန်တိုင်းအစိုးရရဲ့ YBS, YP နဲ့ ရန်ကုန်မြို့သစ် စီမံကိန်းတွေနဲ့ ပတ်သက်ပြီး ဆောင်ရွက်ချက်တွေကို ပြည်သူတွေ သိရှိစေဖို့အတွက်လည်း တိုင်းအစိုးရက သတင်းထုတ်ပြန်ပေးဖို့ ကြေညာချက်ထဲမှာ ပါရှိခဲ့ပါတယ်။

?bph6