ျမန္မာအစိုးရကို ICC တင္ဖို႔ မေလးရွား ႏိုင္ငံျခားေရး ဝန္ႀကီးေျပာ

0
279

ဘဂၤါလီ မြတ္စလင္ အေရးနဲ႔ ပတ္သက္လို႔ တရားမွ်တမႈ ရရွိေရးအတြက္ ျမန္မာအစိုးရကို ႏိုင္ငံတကာ ရာဇဝတ္ တရား႐ံုး (ICC) တင္ေရး မေလးရွားက စဥ္စားဖို႔လိုတယ္လို႔ မေလးရွား ႏိုင္ငံျခားေရးဝန္ႀကီးက ေျပာပါတယ္။

(ဓာတ္ပံု – The Star)

ရခိုင္ျပည္နယ္ အက်ပ္အတည္းနဲ႔ ပတ္သက္လို႔ ျမန္မာအစိုးရက ထုတ္ေဖာ္ ေျပာဆိုလိုျခင္း မရွိခဲ့ေၾကာင္း၊ တိက်ခိုင္မာတဲ့ ေျဖရွင္းမႈမရွိရင္ လူမ်ိဳးတံုး သတ္ျဖတ္မႈနဲ႔ လူမ်ိဳးစု ရွင္းလင္းေရးေတြ ဆက္ျဖစ္သြားႏိုင္ေၾကာင္း မေလးရွား ႏုိင္ငံျခားေရးဝန္ႀကီး တန္ ဆရီ ဟာမစ္ ေဆယက္က ေျပာပါတယ္။

ICC က ေနာက္ဆံုးနည္းလမ္း မဟုတ္ေပမယ့္ အေျခအေန ေျပာင္းလဲေအာင္ ျမန္မာက အျပဳသေဘာေဆာင္တာေတြ မရွိဘူးဆိုရင္ ICC ဟာ ေလးေလးနက္နက္ စဥ္းစားရမွာ ျဖစ္ေၾကာင္း မတ္လ ၂၆ ရက္ေန႔မွာ က်င္းပတဲ့ ဘဂၤါလီ မြတ္စလင္တို႔အတြက္ တရားမွ်တေရး ႏိုင္ငံတကာ ေဆြးေႏြးပြဲမွာ မေလးရွား ႏိုင္ငံျခားေရး ဝန္ႀကီးက ေျပာခဲ့တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာအစိုးရကို ICC တင်ဖို့ မလေးရှား နိုင်ငံခြားရေး ဝန်ကြီးပြော

ဘင်္ဂါလီ မွတ်စလင် အရေးနဲ့ ပတ်သက်လို့ တရားမျှတမှု ရရှိရေးအတွက် မြန်မာအစိုးရကို နိုင်ငံတကာ ရာဇဝတ် တရားရုံး (ICC) တင်ရေး မလေးရှားက စဉ်စားဖို့လိုတယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ရခိုင်ပြည်နယ် အကျပ်အတည်းနဲ့ ပတ်သက်လို့ မြန်မာအစိုးရက ထုတ်ဖော် ပြောဆိုလိုခြင်း မရှိခဲ့ကြောင်း၊ တိကျခိုင်မာတဲ့ ဖြေရှင်းမှုမရှိရင် လူမျိုးတုံး သတ်ဖြတ်မှုနဲ့ လူမျိုးစု ရှင်းလင်းရေးတွေ ဆက်ဖြစ်သွားနိုင်ကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီး တန် ဆရီ ဟာမစ် ဆေယက်က ပြောပါတယ်။

ICC က နောက်ဆုံးနည်းလမ်း မဟုတ်ပေမယ့် အခြေအနေ ပြောင်းလဲအောင် မြန်မာက အပြုသဘောဆောင်တာတွေ မရှိဘူးဆိုရင် ICC ဟာ လေးလေးနက်နက် စဉ်းစားရမှာ ဖြစ်ကြောင်း မတ်လ ၂၆ ရက်နေ့မှာ ကျင်းပတဲ့ ဘင်္ဂါလီ မွတ်စလင်တို့အတွက် တရားမျှတရေး နိုင်ငံတကာ ဆွေးနွေးပွဲမှာ မလေးရှား နိုင်ငံခြားရေး ဝန်ကြီးက ပြောခဲ့တာ ဖြစ်ပါတယ်။

?bph6