ဘဂၤလားေဒ့ရွ္ ဒုကၡသည္စခန္းအနီးမွာ ARSA ေလ့က်င့္ေရး အေျခစိုက္စခန္းေတြ ရွိေန

0
817

လံုၿခံဳေရး တပ္ဖြဲ႔ေတြနဲ႔ အေျခခံအေဆာက္အဦ စီမံကိန္းေတြကို တိုက္ခိုက္မႈေတြလုပ္ဖို႔ ေလ့က်င့္ေပးေနတဲ့ ARSA အၾကမ္းဖက္အဖြဲ႔ရဲ႕ အေျခစိုက္စခန္းေတြ ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္ နယ္စပ္မွာ အိႏၵိယက ေတြ႔ရွိထားတယ္လို႔ DNA သတင္းမွာ ေဖာ္ျပထားပါတယ္။

တခ်ိဳ႕ အေျခစိုက္စခန္းေတြဟာ ဘဂၤလားေဒ့ရွ္ႏိုင္ငံ၊ ေကာက္ဘဇားရွိ ဘဂၤါလီ ဒုကၡသည္စခန္းေတြနဲ႔ အလြန္နီးကပ္စြာ ရွိေနေၾကာင္း၊ သူတို႔ရဲ႕ ပစ္မွတ္ဟာ ျမန္မာနဲ႔ အိႏၵိယရွိ အေျခခံအေဆာက္အဦ စီမံကိန္းေတြ ျဖစ္ေၾကာင္း ေထာက္လွမ္းေရး အစီရင္ခံစာတစ္ခုက ေဖာ္ျပပါတယ္။

ARSA အၾကမ္းဖက္အဖြဲ႔ဟာ ဘဂၤါလီ မြတ္စလင္ ဒုကၡသည္စခန္းေတြထဲကေန လူသစ္စုေဆာင္းေနၿပီး အစြန္းေရာက္ေအာင္ သင္ၾကားတာေတြ လုပ္ေၾကာင္း၊ လံုၿခံဳေရး တပ္ဖြဲ႔ေတြကို လက္နက္ေတြေပးၿပီး တိုက္ခိုက္ခိုင္းေနေၾကာင္း အဲဒီ ေထာက္လွမ္းေရး အစီရင္ခံစာမွာပဲ ဆက္လက္ ေဖာ္ျပထားပါတယ္။ ဘဂၤလားေဒ့ရွ္ ပိုင္နက္ထဲမွာ ARSA ေလ့က်င့္ေရး အေျခစိုက္စခန္း သံုးခုရွိတယ္လို႔ ျမန္မာအစိုးရက ေျပာထားၿပီး ဘဂၤလားေဒ့ရွ္က ျငင္းဆိုထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းအနီးမှာ ARSA လေ့ကျင့်ရေး အခြေစိုက်စခန်းတွေ ရှိနေ

လုံခြုံရေး တပ်ဖွဲ့တွေနဲ့ အခြေခံအဆောက်အဦ စီမံကိန်းတွေကို တိုက်ခိုက်မှုတွေလုပ်ဖို့ လေ့ကျင့်ပေးနေတဲ့ ARSA အကြမ်းဖက်အဖွဲ့ရဲ့ အခြေစိုက်စခန်းတွေ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ အိန္ဒိယက တွေ့ရှိထားတယ်လို့ DNA သတင်းမှာ ဖော်ပြထားပါတယ်။

တချို့ အခြေစိုက်စခန်းတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကောက်ဘဇားရှိ ဘင်္ဂါလီ ဒုက္ခသည်စခန်းတွေနဲ့ အလွန်နီးကပ်စွာ ရှိနေကြောင်း၊ သူတို့ရဲ့ ပစ်မှတ်ဟာ မြန်မာနဲ့ အိန္ဒိယရှိ အခြေခံအဆောက်အဦ စီမံကိန်းတွေ ဖြစ်ကြောင်း ထောက်လှမ်းရေး အစီရင်ခံစာတစ်ခုက ဖော်ပြပါတယ်။

ARSA အကြမ်းဖက်အဖွဲ့ဟာ ဘင်္ဂါလီ မွတ်စလင် ဒုက္ခသည်စခန်းတွေထဲကနေ လူသစ်စုဆောင်းနေပြီး အစွန်းရောက်အောင် သင်ကြားတာတွေ လုပ်ကြောင်း၊ လုံခြုံရေး တပ်ဖွဲ့တွေကို လက်နက်တွေပေးပြီး တိုက်ခိုက်ခိုင်းနေကြောင်း အဲဒီ ထောက်လှမ်းရေး အစီရင်ခံစာမှာပဲ ဆက်လက် ဖော်ပြထားပါတယ်။ ဘင်္ဂလားဒေ့ရှ် ပိုင်နက်ထဲမှာ ARSA လေ့ကျင့်ရေး အခြေစိုက်စခန်း သုံးခုရှိတယ်လို့ မြန်မာအစိုးရက ပြောထားပြီး ဘင်္ဂလားဒေ့ရှ်က ငြင်းဆိုထားပါတယ်။

?bph6