
0
101


(ဓာတ်ပုံ – Dhaka Tribune)



>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကုလ အထွေထွေ အတွင်းရေးမှူးချုပ် အကြံပေးနဲ့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်တို့ တွေ့ဆုံ

ကုလသမဂ္ဂ အထွေအထွေ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေး အာဒါမာ ဒီအန်နဲ့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ခ် ဟာစီနာတို့ တွေ့ဆုံခဲ့ပြီး ဘင်္ဂါလီ မွတ်စလင် ဒုက္ခသည်အရေးကို ဆွေးနွေးခဲ့ကြပါတယ်။

အထူးအကြံပေး အာဒါမာ ဒီအန်နဲ့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်တို့ဟာ မနေ့မတ်လ ၂၅ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့မှာ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

အထူးအကြံပေး အာဒါမာ ဒီအန်နဲ့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်တို့ ဘင်္ဂါလီ မွတ်စလင် ဒုက္ခသည်အရေး ဆွေးနွေးခဲ့ကြောင်း၊ အာဒါမာ ဒီအန်က ဘင်္ဂါလီ မွတ်စလင်အရေးမှာ ဘင်္ဂလားဒေ့ရှ်ကို ကုသလမဂ္ဂက ဆက်လက် ထောက်ခံအားပေးသွားဖြစ်ကြောင်း ပြောခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ရဲ့ ပြောခွင့်ရှိသူ အီဆာနူလ် ကာရင်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

?bph6