Reuters သတင္းေထာက္ေတြကို ခ်မွတ္တဲ့ ေထာင္ဒဏ္ ျပင္ဆင္ခြင့္ ရွိေသးေၾကာင္း CPJ ေျပာ

0
179

Reuters သတင္းေထာက္ေတြျဖစ္တဲ့ ကိုဝလံုးနဲ႔ ကိုေက်ာ္စုိးဦးတို႔အေပၚ မွားယြင္းစြာ ခ်မွတ္ထားတဲ့ ေထာင္ဒဏ္ကို အမွန္ျပင္ဖို႔ အခြင့္အေရး ရွိေသးေၾကာင္း ဂ်ာနယ္လစ္မ်ား အကာအကြယ္ေပးေရး ေကာ္မတီ (CPJ) က ေျပာပါတယ္။

(ဓာတ္ပံု – CPJ)

ေထာင္ဒဏ္ အမိန္႔ခ်မွတ္မႈကို ျပင္ဆင္ေျပာင္းလဲၿပီး တရားမွ်တ မွန္ကန္တဲ့ဘက္က ရပ္တည္ဖို႔ ဗဟိုတရား႐ံုးကို တိုက္တြန္းေၾကာင္း CPJ ရဲ႕ အေရွ႕ေတာင္အာရွဆိုင္ရာ အႀကီးတန္း ကိုယ္စားလွယ္ ေရွာင္ ခရစၥပင္က ေျပာပါတယ္။

ကိုဝလံုးနဲ႔ ကိုေက်ာ္စိုးဦးတို႔ဟာ အစိုးရ လွ်ိဳ႕ဝွက္ခ်က္ ဥပေဒနဲ႔ ေထာင္ဒဏ္ ခုနစ္ႏွစ္စီ ခ်မွတ္ခံထားရတာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ဇန္နဝါရီလက သူတို႔ႏွစ္ဦးအမႈ အယူခံကို ရန္ကုန္တိုင္း တရား႐ံုးမွာ တင္ခဲ့ေပမယ့္ ပယ္ခ်ခံခဲ့ရပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

Reuters သတင်းထောက်တွေကို ချမှတ်တဲ့ ထောင်ဒဏ် ပြင်ဆင်ခွင့်ရှိသေးကြောင်း CPJ ပြော

Reuters သတင်းထောက်တွေဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့အပေါ် မှားယွင်းစွာ ချမှတ်ထားတဲ့ ထောင်ဒဏ်ကို အမှန်ပြင်ဖို့ အခွင့်အရေး ရှိသေးကြောင်း ဂျာနယ်လစ်များ အကာအကွယ်ပေးရေး ကော်မတီ (CPJ) က ပြောပါတယ်။

ထောင်ဒဏ် အမိန့်ချမှတ်မှုကို ပြင်ဆင်ပြောင်းလဲပြီး တရားမျှတ မှန်ကန်တဲ့ဘက်က ရပ်တည်ဖို့ ဗဟိုတရားရုံးကို တိုက်တွန်းကြောင်း CPJ ရဲ့ အရှေ့တောင်အာရှဆိုင်ရာ အကြီးတန်း ကိုယ်စားလှယ် ရှောင် ခရစ္စပင်က ပြောပါတယ်။

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ အစိုးရ လျှို့ဝှက်ချက် ဥပဒေနဲ့ ထောင်ဒဏ် ခုနစ်နှစ်စီ ချမှတ်ခံထားရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလက သူတို့နှစ်ဦးအမှု အယူခံကို ရန်ကုန်တိုင်း တရားရုံးမှာ တင်ခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။

?bph6