တုိက္ပြဲအတြင္း ေပ်ာက္ဆံုးသူေတြကို သက္ဆိုင္ရာအဖြဲ႕အစည္းေတြက ထုတ္ျပန္ေပးဖို႔ ေတာင္းဆို

0
276

တိုက္ပြဲေတြအတြင္း ေပ်ာက္ဆံုးခဲ့တဲ့ အရပ္သားေတြကို သတ္ပစ္တာလား၊ ဖမ္းဆီးထားတာလားဆိုတာကို သက္ဆိုင္ရာအဖြဲ႔အစည္းေတြက ထုတ္ျပန္ေပးဖုိ႔ မိသားစုေတြ ေတာင္းဆိုေနၾကပါတယ္။ ဒီသတင္းကို MCN ရခုိင္ျပည္နယ္ သတင္းေထာက္ မင္းမ်ိဳးႏြယ္က ေပးပို႔ထားပါတယ္။

တပ္မေတာ္နဲ႔ AA လက္နက္ကိုင္အဖြဲ႔တုိ႔ ေျမာက္ဦးၿမိဳ႕နယ္ ရမ္းေခ်ာင္းအတြင္းမွာ တိုက္ပြဲေတြ ျဖစ္ပြားေနတဲ့ ကာလအတြင္း ေဖေဖာ္ဝါရီ (၁၉) ရက္ေန႔က ေျမာက္ဦးနဲ႔ ေက်ာက္ေတာ္ၿမိဳ႕နယ္ေတြက ေက်းရြာသား ၆ ဦး ေပ်ာက္ဆံုးေနၿပီး တစ္လေက်ာ္ၾကာတဲ့အထိ မိသားစုေတြနဲ႔ အဆက္အသြယ္မရရွိေသးပါဘူး။

အဲ့ဒီေပ်ာက္ဆံုးေနတဲ့ ေက်းရြာသားေတြဟာ အဲ့ဒီေဒသေတြမွာ မွိခိုလုပ္ကိုင္စားေသာက္ေနၾကတဲ့ လက္လုပ္လက္စားေတြ၊ ယာသမားေတြျဖစ္ၾကၿပီး သူတုိ႔ေတြကို သတ္လိုက္ၿပီလား၊ ဖမ္းဆီးထားတာလား ဆိုတာ သက္ဆုိင္ရာအဖြဲ႔အစည္းေတြက အေၾကာင္းၾကားထုတ္ျပန္ေပးဖုိ႔ မိသားစုေတြက ေတာင္းဆိုေနၾကတာပါ။

အင္တာဗ်ဴး – ေဒၚဦးျမင့္သိန္း (က်ားနက္ကန္ေက်းရြာ)
ေပ်ာက္ဆံုးေနသူ ဦးေမာင္ဝင္းစိန္၏ဇနီး

ေက်ာက္ေတာ္ၿမိဳ႕နယ္ က်ားနက္ကန္ေက်းရြာက ေပ်ာက္ဆံုးေနသူတခ်ိဳ႕ဟာ ေျပာင္ေခ်ာင္းေက်းရြာကေန စက္ေလွနဲ႔ ထင္းသယ္လာတဲ့အခ်ိန္ ရန္ေအာင္ျပင္ေက်းရြာအနီးမွာ ဖမ္းဆီးျခင္းခံလိုက္ရတာျဖစ္ၿပီး ထင္းအျပည့္တင္ထားတဲ့ စက္ေလွကိုသာ ေတြ႔ရၿပီး လူေတြျပန္မေရာက္လာေတာ့ဘူးလို႔ မိသားစုေတြကေျပာပါတယ္။

အင္တာဗ်ဴး – ေဒၚေအးစိုးေမ (က်ားနက္ကန္ေက်းရြာ)
ေပ်ာက္ဆံုးေနသူ ဦးေအးသိန္း၏ဇနီး

ဘာသာျပန္- တိုက္ပြဲျဖစ္ၿပီးလို႔မၾကာခင္မွာ အဲ့ဒီပတင္းနားမွာ မီးရိႈ႕ထားတဲ့အေလာင္းေတြကို ေတြ႔တယ္လို႔သတင္းရလို႔ ရန္ေအာင္ျပင္ အုပ္ခ်ဳပ္ေရးမွဴးနဲ႔ သြားၿပီးၾကည့္ခဲ့ပါတယ္။ ဒါေပမယ့္ အဲ့ဒီေနရာမွာက ေခါင္းေတြလားဘာလားေတာ့မသိဘူး။ အခဲသံုးခုကိုပဲေတြ႔တယ္။ ဘယ္သူဘယ္ဝါဆိုတာကိုလည္း မမွတ္မိေတာ့ဘူး။ အစအနေတြလည္းမရဘူး။ ျပာပံုႀကီးကိုပဲေတြ႔ရတာပါ။ ကၽြန္မကေတာ့ ကိုယ့္ေယာက်္ားကို ျပန္လာေစခ်င္တာေပါ့။ ကေလးငယ္ငယ္ေလး ေတြနဲ႔ဆိုေတာ့ ေတာ္ေတာ္ေလးကို အခက္အခဲျဖစ္ေနပါတယ္။ ဘာလုပ္လို႔ဘာကိုင္ရမန္းမသိဘူးျဖစ္ေနတယ္။

ဒါ့အျပင္ ေပ်ာက္ဆံုးေနတဲ့ ၆ ဦးမွာ ငါးဦးက ဘယ္သူေတြဖမ္းဆီးသြားတယ္ဆိုတာကို တိတိက်က်မသိရွိရေသးေပမယ့္ ရန္ေအာင္ျပင္ ေက်းရြာက ငရုပ္ခင္းေစာင့္ေနတဲ့ အသက္ ၆၁ ႏွစ္အရြယ္ ၿမိဳတိုင္းရင္းသား ဦးလွထြန္းေခ်ကိုေတာ့ တပ္မေတာ္စစ္ေၾကာင္း ၂၂ က ဖမ္းဆီးသြားတာ ျဖစ္တယ္လို႔ ဇနီးျဖစ္သူ ေဒၚဒါစိန္ကေျပာပါတယ္။

အင္တာဗ်ဴး – ေဒၚဒါစိန္ (ရန္ေအာင္ျပင္ေက်းရြာ)
ေပ်ာက္ဆံုးေနသူ ဦးလွထြန္းေခ်၏ဇနီး

ဘာသာျပန္- ကၽြန္မေယာက်္ားက ငရုပ္ခင္းမွာ ႏြားေစာင့္ဖုိ႔အတြက္ အိမ္ကထြက္သြားၿပီး မၾကာခင္မွာ တုိက္ပြဲျဖစ္တယ္။ တိုက္ပြဲၿပီးတဲ့အခ်ိန္မွာ ျပန္မေရာက္ေတာ့ ကၽြန္မကသြားၾကည့္တာေပါ့။ အဲ့ဒီမွာ ႀကိဳးတုပ္ၿပီးေတာ့ဖမ္းထားတာကိုေတြ႔တယ္။ ပုဆိုးေျပေနလို႔ေတာင္ ကၽြန္မဝတ္ေပးခဲ့ရေသးတာ။ ကၽြန္မကေျပာတယ္။ ဗိုလ္ႀကီး ဒါကၽြန္မေယာက်္ားပါ။ သူနဲ႔မဆိုင္ဘူး။ သူကငရုပ္ခင္းမွာႏြားေစာင့္ေနတာ။ အသက္လည္းႀကီးၿပီ သူ႔ကိုလႊတ္ေပးဖုိ႔ေျပာေတာ့။ လႊတ္ေပးမယ္ ရြာကိုျပန္သြားလိုက္ပါတဲ့။ ကၽြန္မက ထားခဲ့လို႔မျဖစ္ဘူး။ သူကေနလည္းမေကာင္းဘူး။ တပါတည္းေခၚသြားမယ္လို႔ေျပာေတာ့ စိတ္ခ်လႊတ္ေပးမယ္။ ေမးစရာေတြရွိေသးတယ္လို႔ေျပာတယ္။ ျပန္မေရာက္လာေတာ့ဘူး။ သူ႔ကိုသတ္လိုက္ၿပီထင္ပါတယ္။ ကၽြန္မေယာက်္ားက ရွိမယ္မထင္ေတာ့ပါဘူး။

တိုက္ပြဲအတြင္းေပ်ာက္ဆံုးေနသူ ၆ ဦးကေတာ့ ေျမာက္ဦးၿမိဳ႕နယ္ ရန္ေအာင္ျပင္ေက်းရြာက ၿမိဳတုိင္းရင္းသားတစ္ဦး၊ ေတာင္ဦးေက်းရြာ ကတစ္ဦး၊ သာစည္ေက်းရြာကတစ္ဦးနဲ႔ ေက်ာက္ေတာ္ၿမိဳ႕နယ္ က်ားနက္ကန္ေက်းရြာက သံုးဦးတုိ႔ျဖစ္ၾကပါတယ္။

အင္တာဗ်ဴး – ဦးထြန္းသာစိန္ (ရခိုင္ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္)
ေျမာက္ဦးမဲဆႏၵနယ္ေျမ အမွတ္ ၁

အဲ့ဒီေပ်ာက္ဆံုးေနတဲ့ေက်းရြာသားေတြနဲ႔ပတ္သက္လို႔ ျပည္နယ္အစိုးရအေနနဲ႔ ေျဖခ်င္းခ်က္တစ္ခုခုေပးသင့္တယ္လို႔ ေျမာက္ဦးၿမိဳ႕နယ္ အမွတ္ ၁ မဲဆႏၵနယ္ေျမ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းသာစိန္ကေျပာပါတယ္ ခင္ဗ်ား။

တိုက်ပွဲတွေအတွင်း ပျောက်ဆုံးခဲ့တဲ့ အရပ်သားတွေကို သတ်ပစ်တာလား၊ ဖမ်းဆီးထားတာလားဆိုတာကို သက်ဆိုင်ရာအဖွဲ့အစည်းတွေက ထုတ်ပြန်ပေးဖို့ မိသားစုတွေ တောင်းဆိုနေကြပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။

တပ်မတော်နဲ့ AA လက်နက်ကိုင်အဖွဲ့တို့ မြောက်ဦးမြို့နယ် ရမ်းချောင်းအတွင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ကာလအတွင်း ဖေဖော်ဝါရီ (၁၉) ရက်နေ့က မြောက်ဦးနဲ့ ကျောက်တော်မြို့နယ်တွေက ကျေးရွာသား ၆ ဦး ပျောက်ဆုံးနေပြီး တစ်လကျော်ကြာတဲ့အထိ မိသားစုတွေနဲ့ အဆက်အသွယ်မရရှိသေးပါဘူး။

အဲ့ဒီပျောက်ဆုံးနေတဲ့ ကျေးရွာသားတွေဟာ အဲ့ဒီဒေသတွေမှာ မှိခိုလုပ်ကိုင်စားသောက်နေကြတဲ့ လက်လုပ်လက်စားတွေ၊ ယာသမားတွေဖြစ်ကြပြီး သူတို့တွေကို သတ်လိုက်ပြီလား၊ ဖမ်းဆီးထားတာလား ဆိုတာ သက်ဆိုင်ရာအဖွဲ့အစည်းတွေက အကြောင်းကြားထုတ်ပြန်ပေးဖို့ မိသားစုတွေက တောင်းဆိုနေကြတာပါ။

အင်တာဗျူး – ဒေါ်ဦးမြင့်သိန်း (ကျားနက်ကန်ကျေးရွာ)
ပျောက်ဆုံးနေသူ ဦးမောင်ဝင်းစိန်၏ဇနီး

ကျောက်တော်မြို့နယ် ကျားနက်ကန်ကျေးရွာက ပျောက်ဆုံးနေသူတချို့ဟာ ပြောင်ချောင်းကျေးရွာကနေ စက်လှေနဲ့ ထင်းသယ်လာတဲ့အချိန် ရန်အောင်ပြင်ကျေးရွာအနီးမှာ ဖမ်းဆီးခြင်းခံလိုက်ရတာဖြစ်ပြီး ထင်းအပြည့်တင်ထားတဲ့ စက်လှေကိုသာ တွေ့ရပြီး လူတွေပြန်မရောက်လာတော့ဘူးလို့ မိသားစုတွေကပြောပါတယ်။

အင်တာဗျူး – ဒေါ်အေးစိုးမေ (ကျားနက်ကန်ကျေးရွာ)
ပျောက်ဆုံးနေသူ ဦးအေးသိန်း၏ဇနီး

ဘာသာပြန်- တိုက်ပွဲဖြစ်ပြီးလို့မကြာခင်မှာ အဲ့ဒီပတင်းနားမှာ မီးရှို့ထားတဲ့အလောင်းတွေကို တွေ့တယ်လို့သတင်းရလို့ ရန်အောင်ပြင် အုပ်ချုပ်ရေးမှူးနဲ့ သွားပြီးကြည့်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီနေရာမှာက ခေါင်းတွေလားဘာလားတော့မသိဘူး။ အခဲသုံးခုကိုပဲတွေ့တယ်။ ဘယ်သူဘယ်ဝါဆိုတာကိုလည်း မမှတ်မိတော့ဘူး။ အစအနတွေလည်းမရဘူး။ ပြာပုံကြီးကိုပဲတွေ့ရတာပါ။ ကျွန်မကတော့ ကိုယ့်ယောကျာ်းကို ပြန်လာစေချင်တာပေါ့။ ကလေးငယ်ငယ်လေး တွေနဲ့ဆိုတော့ တော်တော်လေးကို အခက်အခဲဖြစ်နေပါတယ်။ ဘာလုပ်လို့ဘာကိုင်ရမန်းမသိဘူးဖြစ်နေတယ်။

ဒါ့အပြင် ပျောက်ဆုံးနေတဲ့ ၆ ဦးမှာ ငါးဦးက ဘယ်သူတွေဖမ်းဆီးသွားတယ်ဆိုတာကို တိတိကျကျမသိရှိရသေးပေမယ့် ရန်အောင်ပြင် ကျေးရွာက ငရုပ်ခင်းစောင့်နေတဲ့ အသက် ၆၁ နှစ်အရွယ် မြိုတိုင်းရင်းသား ဦးလှထွန်းချေကိုတော့ တပ်မတော်စစ်ကြောင်း ၂၂ က ဖမ်းဆီးသွားတာ ဖြစ်တယ်လို့ ဇနီးဖြစ်သူ ဒေါ်ဒါစိန်ကပြောပါတယ်။

အင်တာဗျူး – ဒေါ်ဒါစိန် (ရန်အောင်ပြင်ကျေးရွာ)
ပျောက်ဆုံးနေသူ ဦးလှထွန်းချေ၏ဇနီး

ဘာသာပြန်- ကျွန်မယောကျာ်းက ငရုပ်ခင်းမှာ နွားစောင့်ဖို့အတွက် အိမ်ကထွက်သွားပြီး မကြာခင်မှာ တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲပြီးတဲ့အချိန်မှာ ပြန်မရောက်တော့ ကျွန်မကသွားကြည့်တာပေါ့။ အဲ့ဒီမှာ ကြိုးတုပ်ပြီးတော့ဖမ်းထားတာကိုတွေ့တယ်။ ပုဆိုးပြေနေလို့တောင် ကျွန်မဝတ်ပေးခဲ့ရသေးတာ။ ကျွန်မကပြောတယ်။ ဗိုလ်ကြီး ဒါကျွန်မယောကျာ်းပါ။ သူနဲ့မဆိုင်ဘူး။ သူကငရုပ်ခင်းမှာနွားစောင့်နေတာ။ အသက်လည်းကြီးပြီ သူ့ကိုလွှတ်ပေးဖို့ပြောတော့။ လွှတ်ပေးမယ် ရွာကိုပြန်သွားလိုက်ပါတဲ့။ ကျွန်မက ထားခဲ့လို့မဖြစ်ဘူး။ သူကနေလည်းမကောင်းဘူး။ တပါတည်းခေါ်သွားမယ်လို့ပြောတော့ စိတ်ချလွှတ်ပေးမယ်။ မေးစရာတွေရှိသေးတယ်လို့ပြောတယ်။ ပြန်မရောက်လာတော့ဘူး။ သူ့ကိုသတ်လိုက်ပြီထင်ပါတယ်။ ကျွန်မယောကျာ်းက ရှိမယ်မထင်တော့ပါဘူး။

တိုက်ပွဲအတွင်းပျောက်ဆုံးနေသူ ၆ ဦးကတော့ မြောက်ဦးမြို့နယ် ရန်အောင်ပြင်ကျေးရွာက မြိုတိုင်းရင်းသားတစ်ဦး၊ တောင်ဦးကျေးရွာ ကတစ်ဦး၊ သာစည်ကျေးရွာကတစ်ဦးနဲ့ ကျောက်တော်မြို့နယ် ကျားနက်ကန်ကျေးရွာက သုံးဦးတို့ဖြစ်ကြပါတယ်။

အင်တာဗျူး – ဦးထွန်းသာစိန် (ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်)
မြောက်ဦးမဲဆန္ဒနယ်မြေ အမှတ် ၁

အဲ့ဒီပျောက်ဆုံးနေတဲ့ကျေးရွာသားတွေနဲ့ပတ်သက်လို့ ပြည်နယ်အစိုးရအနေနဲ့ ဖြေချင်းချက်တစ်ခုခုပေးသင့်တယ်လို့ မြောက်ဦးမြို့နယ် အမှတ် ၁ မဲဆန္ဒနယ်မြေ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ကပြောပါတယ် ခင်ဗျား။

?bph6