AA ရဲ႕ လုပ္ရပ္ဟာ အၾကမ္းဖက္လုပ္ရပ္ မဟုတ္ရင္ ဘာလုပ္ရပ္လဲလို႔ တပ္မေတာ္ ေမးခြန္းထုတ္

0
740

AA ရခိုင္ လက္နက္ကိုင္အဖြဲ႔ရဲ႕ လုပ္ရပ္ဟာ အၾကမ္းဖက္ လုပ္ရပ္မဟုတ္ရင္ ဘာလုပ္ရပ္လို႔ ေခၚရမလဲလို႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရး အဖြဲ႔ ဒုတိယ ဥကၠ႒ ဗိုလ္ခ်ဳပ္ ထြန္းထြန္းညီက ေမးခြန္းထုတ္လိုက္ပါတယ္။

 

မတ္လ ၂၅ ရက္ေန႔ ေနျပည္ေတာ္ တပ္မေတာ္ စစ္သမိုင္းျပတိုက္မွာ ျပဳလုပ္တဲ့ ၿငိမ္းခ်မ္းေရးနဲ႔ ရခုိင္ျပည္နယ္အတြင္း တည္ၿငိမ္ေအးခ်မ္းေရး ေဆာင္ရြက္ခ်က္ေတြနဲ႔ ပတ္သက္ၿပီး သတင္းစာရွင္းလင္းပြဲမွာ အခုလို ေျပာခဲ့တာပါ။

အစိုးရရဲ႕ ယႏၱယားေတြျဖစ္တဲ့ ရဲကင္းစခန္းေတြ၊ ရပ္ကြက္ ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴးေတြနဲ႔ ျပည္သူေတြကို ဥပေဒမဲ့ သတ္ျဖတ္၊ မီးရိႈ႕တာဟာ အၾကမ္းဖက္ လုပ္ရပ္မဟုတ္ရင္ ဘာလုပ္ရပ္လဲလို႔  ဗိုလ္ခ်ဳပ္ ထြန္းထြန္းညီက အဲ့ဒီ သတင္းစာရွင္းလင္းပြဲမွာ ေမးခြန္းထုတ္ခဲ့တာပါ။

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

AA ရဲ့ လုပ်ရပ်ဟာ အကြမ်းဖက်လုပ်ရပ် မဟုတ်ရင် ဘာလုပ်ရပ်လဲလို့ တပ်မတော် မေးခွန်းထုတ်

AA ရခိုင် လက်နက်ကိုင်အဖွဲ့ရဲ့ လုပ်ရပ်ဟာ အကြမ်းဖက် လုပ်ရပ်မဟုတ်ရင် ဘာလုပ်ရပ်လို့ ခေါ်ရမလဲလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းထွန်းညီက မေးခွန်းထုတ်လိုက်ပါတယ်။

မတ်လ ၂၅ ရက်နေ့ နေပြည်တော် တပ်မတော် စစ်သမိုင်းပြတိုက်မှာ ပြုလုပ်တဲ့ ငြိမ်းချမ်းရေးနဲ့ ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောခဲ့တာပါ။

အစိုးရရဲ့ ယန္တယားတွေဖြစ်တဲ့ ရဲကင်းစခန်းတွေ၊ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးတွေနဲ့ ပြည်သူတွေကို ဥပဒေမဲ့ သတ်ဖြတ်၊ မီးရှို့တာဟာ အကြမ်းဖက် လုပ်ရပ်မဟုတ်ရင် ဘာလုပ်ရပ်လဲလို့  ဗိုလ်ချုပ် ထွန်းထွန်းညီက အဲ့ဒီ သတင်းစာရှင်းလင်းပွဲမှာ မေးခွန်းထုတ်ခဲ့တာပါ။

?bph6