
0
1159


သတင်းဓာတ်ပုံ- RFA



<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ညီအစ်ကိုအချင်းချင်း တိုက်ပွဲ မဖြစ်ချင်ဘူးလို့ တပ်မတော်ပြော

တပ်မတော်ဟာ လက်ရှိအချိန်မှာ တိုက်စွမ်းရည်နဲ့ တိုက်စွမ်းအား အကောင်းဆုံး ဖြစ်ပေမယ့် ညီအစ်ကိုအချင်းချင်း တိုက်ပွဲမဖြစ်ချင်ဘူးလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ ဒုတိယ ဥက္ကဋ္ဌ  ဗိုလ်ချုပ် စိုးနိုင်ဦးက ပြောပါတယ်။

မတ်လ ၂၅ ရက်နေ့က နေပြည်တော် တပ်မတော် စစ်သမိုင်းပြတိုက်မှာ ပြုလုပ်တဲ့ ငြိမ်းချမ်းရေးနဲ့ ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောခဲ့တာပါ။

တပ်မတော်ဟာ နိုင်ငံတော်ကို ပြည်တွင်းပြည်ပ ရန်ကနေ ကာကွယ်ဖို့အတွက် ဆောင်ရွက်နေတာဖြစ်ပြီး တပ်မတော်ရဲ့ တိုက်စွမ်းရည်နဲ့ တိုက်စွမ်းအားဟာ လက်ရှိအချိန်မှာ အကောင်းဆုံး ဖြစ်နေပေမယ့် ညီအစ်ကိုအချင်းချင်း တိုက်ပွဲမဖြစ်ချင်တာကြောင့် အပစ်ရပ်တာတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့အတွက် တပ်မတော်နဲ့ အစိုးရက ဖိတ်ခေါ်ခဲ့တာ ဖြစ်တယ်လို့ ဗိုလ်ချုပ် စိုးနိုင်ဦးက ပြောဆိုခဲ့တာပါ။

?bph6