
0
566




>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တပ်မတော်က နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ပေးတဲ့ လုပ်ငန်းတွေပဲ လုပ်နေတာလို့ ပြော

တပ်မတော်ဟာ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ပေးတဲ့ လုပ်ငန်းတွေကိုပဲ လုပ်နေတာလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းထွန်းညီက ပြောပါတယ်။

မတ်လ ၂၅ ရက်နေ့က နေပြည်တော် တပ်မတော် စစ်သမိုင်းပြတိုက်မှာ ပြုလုပ်တဲ့ ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

တပ်မတော်က နိုင်ငံတော် ကာကွယ်စောင့်ရှောက်ပေးတဲ့ လုပ်ငန်းတွေကိုပဲ လုပ်နေတာ ဖြစ်ပြီး ကာကွယ်စောင့် ရှောက်ပေးနေတဲ့ စစ်ကြောင်းတွေနဲ့ နယ်မြေခံ ရဲကင်းစခန်းတွေကို အခုလို တိုက်ခိုက်တာဟာ အဓိပ္ပာယ်ရှိလား၊ မရှိဘူးလားဆိုတာ အားလုံးသိတယ်လို့ ဗိုလ်ချုပ် ထွန်းထွန်းညီက ပြောခဲ့ပါတယ်။

?bph6