ထုိင္းႏိုင္ငံ အဝင္အထြက္တုံး ေျပာင္းလဲ အသုံးျပဳမယ္

0
339

ထိုင္းနိုင္ငံ လူဝင္မႈႀကီးေရးဌာနက လက္ရွိအသုံးျပဳေနတဲ့ ထုိင္းႏိုင္ငံ အဝင္အထြက္ တုံးေတြကုိ ပံုသ႑ာန္ေျပာင္းလဲ အသံုးျပဳသြားမယ္လို႔ ဘန္ေကာက္ၿမိဳ႕ရွိ ျမန္မာအလုပ္သမား သံအရာရွိ႐ံုးက အသိေပး ထုတ္ျပန္ခဲ့ပါတယ္။

ေျပာင္းလဲအသုံးျပဳမယ့္ အဝင္အထြက္တုံးေတြကို လာမယ့္ ဧၿပီလ ၂၁ ရက္ေန႔က စတင္ၿပီး ေျပာင္းလဲ အသုံးျပဳသြားမွာပါ။ အဲဒီလုိ ေျပာင္းလဲအသုံးျပဳမယ့္ အဝင္တုံး ပုံသ႑ာန္ကုိ ႏိုင္ငံေတာ္အလံ ပံုသ႑ာန္ျဖစ္ၿပီး အရြယ္စာအားျဖင့္ အလ်ား ၄ ဒသမ ၂ စင္တီမီတာနဲ႔ အနံ ၂ ဒသမ ၇ စင္တီမီတာ႐ွိပါတယ္။ အထြက္တံုး ပံုသ႑ာန္ဟာ ဘဲဥပံုသ႑ာန္ျဖစ္ၿပီး အလ်ား ၄ ဒသမ ၅ စင္တီမီတာနဲ႔ အနံ ၃ စင္တီမီတာ အရြယ္အစား ရွိေၾကာင္း ထုိင္းလူဝင္မႈ ႀကီးၾကပ္ေရးဌာနက သတင္းထုတ္ျပန္ထားပါတယ္။

လက္ရွိမွာေတာ့ ထုိင္းေရြးေကာက္ပြဲေၾကာင့္ ေနရပ္ျပန္မယ့္ ျမန္မာေရႊ႕ေျပာင္း လုပ္သားေတြကုိ လုပ္ငန္းရွင္ေတြက ႀကိဳတင္ျပန္ခြင့္ ျပဳထားၿပီး တစ္ေန႔ကုိ နယ္စပ္ဂိတ္ေတြကေန ျမန္မာ ေရႊ႕ေျပာင္းလုပ္သား ေထာင္နဲ႔ခ်ီ ဝင္ေရာက္ေနတာလည္း ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ထိုင်းနိုင်ငံ အဝင်အထွက်တုံး ပြောင်းလဲ အသုံးပြုမယ်

ထိုင်းနိုင်ငံ လူဝင်မှုကြီးရေးဌာနက လက်ရှိအသုံးပြုနေတဲ့ ထိုင်းနိုင်ငံ အဝင်အထွက် တုံးတွေကို ပုံသဏ္ဍာန်ပြောင်းလဲ အသုံးပြုသွားမယ်လို့ ဘန်ကောက်မြို့ရှိ မြန်မာအလုပ်သမား သံအရာရှိရုံးက အသိပေး ထုတ်ပြန်ခဲ့ပါတယ်။

ပြောင်းလဲအသုံးပြုမယ့် အဝင်အထွက်တုံးတွေကို လာမယ့် ဧပြီလ ၂၁ ရက်နေ့က စတင်ပြီး ပြောင်းလဲ အသုံးပြုသွားမှာပါ။ အဲဒီလို ပြောင်းလဲအသုံးပြုမယ့် အဝင်တုံး ပုံသဏ္ဍာန်ကို နိုင်ငံတော်အလံ ပုံသဏ္ဍာန်ဖြစ်ပြီး အရွယ်စာအားဖြင့် အလျား ၄ ဒသမ ၂ စင်တီမီတာနဲ့ အနံ ၂ ဒသမ ၇ စင်တီမီတာရှိပါတယ်။ အထွက်တုံး ပုံသဏ္ဍာန်ဟာ ဘဲဥပုံသဏ္ဍာန်ဖြစ်ပြီး အလျား ၄ ဒသမ ၅ စင်တီမီတာနဲ့ အနံ ၃ စင်တီမီတာ အရွယ်အစား ရှိကြောင်း ထိုင်းလူဝင်မှု ကြီးကြပ်ရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

လက်ရှိမှာတော့ ထိုင်းရွေးကောက်ပွဲကြောင့် နေရပ်ပြန်မယ့် မြန်မာရွှေ့ပြောင်း လုပ်သားတွေကို လုပ်ငန်းရှင်တွေက ကြိုတင်ပြန်ခွင့် ပြုထားပြီး တစ်နေ့ကို နယ်စပ်ဂိတ်တွေကနေ မြန်မာ ရွှေ့ပြောင်းလုပ်သား ထောင်နဲ့ချီ ဝင်ရောက်နေတာလည်း ဖြစ်ပါတယ်။

?bph6