
0
702




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

AA ဟာ ရခိုင်-ဗမာ လူမျိုးရေး ပဋိပက္ခတွေကို ဖန်တီးလာတာ တွေ့ရတယ်လို့ တပ်မတော် ပြော

AA ရခိုင် လက်နက်ကိုင်အဖွဲ့ဟာ ရခိုင်ပြည်နယ်ထဲမှာ ရခိုင်-ဗမာ လူမျိုးရေး ပဋိပက္ခတွေကို ဖန်တီးလာတာ တွေ့ရတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းထွန်းညီက ပြောပါတယ်။

မတ်လ ၂၅ ရက်နေ့က နေပြည်တော် တပ်မတော် စစ်သမိုင်းပြတိုက်မှာ ပြုလုပ်တဲ့ ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောခဲ့တာပါ။

AA လက်နက်ကိုင်အဖွဲ့ဟာ ရခိုင်ပြည်နယ်ထဲမှာ ရခိုင်-ဗမာ လူမျိုးရေး ပဋိပက္ခတွေကို ဖန်တီးလာတာ တွေ့ရပြီး တပ်မတော်က အကြမ်းဖက် သောင်းကျန်းသူတွေကို အကြမ်းဖက်သောင်းကျန်းသူအတိုင်း စည်းကမ်းနဲ့အညီ ဆောင်ရွက်နေတာ ဖြစ်တယ်လို့ ဗိုလ်ချုပ် ထွန်းထွန်းညီက ပြောခဲ့ပါတယ်။

?bph6