Oppo က F11 Pro ဖုန်းအသစ်မိတ်ဆက်
0
217
Oppo F11 Pro စမတ်ဖုန်းအသစ်ကို မိတ်ဆက်ခဲ့ပါတယ်။ ဒီသတင်းကို MCNသတင်းထောက် သော်တာတိုးက ပေးပို့ထားပါတယ်။
Oppoရဲ့ ပထမဆုံး water drop notch မပါဝင်တော့တဲ့ စမတ်ဖုန်းအသစ် မိတ်ဆက်ပွဲ ကို မတ်လ ၂၁ရက်နေ့က ရန်ကုန်မြို့ Sedona Hotel မှာ ပြုလုပ်ခဲ့ပါတယ်။
ဒီဖုန်းမှာ ထူးခြားချက် အနေနဲ့ အရှေ့ဖက် camera ကို ဖျောက်ထားပြီးဓာတ်ပုံရိုက်ကူးတဲ့ အချိန်မှသာ camera ထွက်လာမယ့် နည်းပညာကို အသုံးပြုထားတာလဲဖြစ်ပါတယ်။
Soundbite – သရုပ်ဆောင် ပိုင်တံခွန်
လူငယ်တွေကို ဦးတည်ပြီး ထုတ်ထားတဲ့ F11 Proမှာ အရင်ထွက်ရှိ်ထားတဲ့ စမတ်ဖုန်းတွေထက် နည်းပညာပိုင်းမှာ ပိုမိုကောင်းမွန်အောင် ပြုလုပ်ထားတာပါ။နောက်ထပ်အားသာချက်တစ်ခုအနေနဲ့ ညဘက် ဓာတ်ပုံရိုက်ကူးတဲ့အချိန်တွေမှာလည်း ပုံထွက်ကောင်းမွန်အောင် ကင်မရာကို နည်းပညာ အဆင့်မြှင့်ထားတာပါ။
Soundbite -သရုပ်ဆောင် ဒေါင်း
Oppo F 11 Pro မှာ အမြန်အားသွင်းစနစ် VOOC 3.0ကိုထည့်သွင်းပေးထားပြီး တစ်နေကုန် အသုံးခံ့မယ့် ဘက်ထရီ 4000 mah ကိုတပ်ဆင်ပေးထားတာပါ။ ဒါ့အပြင် လုပ်ဆောင်မှုတွေ ပိုပြီး အဆင်ပြေစေဖို့ Oppoရဲ့Color Os 6.0ကို အသုံးပြုထားတာလဲ ဖြစ်ပါတယ်ခင်ဗျာ။
?bph6