ဘီဟာျပည္နယ္ထဲမွာ ျမန္မာလုပ္ ေသနတ္နဲ႔ လက္ပစ္ဗံုးေတြ ဖမ္းမိ

0
265

အိႏၵိယႏိုင္ငံ၊ ဘီဟာျပည္နယ္ အစြန္အဖ်ားမွာ ျမန္မာႏိုင္ငံလုပ္ တိုက္ခိုက္ေရး ႐ိုင္ဖယ္ေသနတ္ေတြနဲ႔ လက္ပစ္ဗံုးေတြ ဖမ္းမိခဲ့ၿပီး ဒါဟာ ေမာ္ဝါဒီ သူပုန္ေတြနဲ႔ ျမန္မာနယ္စပ္မွာ အေျခစိုက္ လႈပ္ရွားေနတဲ့ နာဂ သူပုန္ေတြၾကား အဆက္အသြယ္ရွိမႈကို ေဖာ္ျပေနတယ္လို႔ အိႏၵိယ ျပည္ထဲေရး ဝန္ႀကီးဌာနက ေျပာပါတယ္။

ၿပီးခဲ့တဲ့လအတြင္း ဘီဟာ ရဲေတြဟာ ပူရ္နီယာေဒသမွာ ဗံုးသီးေတြနဲ႔ AK-47 အေျမာက္အျမားကို ဖမ္းမိခဲ့တာ ျဖစ္ပါတယ္။ ဒီဗံုးနဲ႔ လက္နက္ေတြဟာ နာဂသူပုန္ေတြ အကူအညီနဲ႔ ျမန္မာနယ္စပ္ကို ျဖတ္ၿပီး သယ္လာတာျဖစ္ေၾကာင္း၊ အိႏၵိယတစ္ဝန္းရွိ ေမာ္ဝါဒီသူပုန္ေတြကို ေထာက္ပံ့ဖို႔ျဖစ္ေၾကာင္း အိႏၵိယ ျပည္ထဲေရး ဝန္ႀကီးဌာနက တာဝန္ရွိသူေတြက ေျပာပါတယ္။

ဒီလက္နက္ေတြ ကိစၥနဲ႔ ပတ္သက္ၿပီး မဏိပူရျပည္နယ္က ကာဟိုနာဂမ္နဲ႔ ကလီယာဆန္ ကာဗို ဆိုသူ ႏွစ္ဦးနဲ႔ ဂိုရခါပူရ္ျပည္နယ္က ဆူရတ္ ပရာဆတ္တို႔ သံုးဦးကို ရဲက ဖမ္းဆီးခဲပါတယ္။ အိႏၵိယ ေထာက္လွမ္းေရးက ဒီလက္နက္ေတြ ဘယ္လိုရလာသလဲ ဆိုတာနဲ႔ ပတ္သက္ၿပီး သူတို႔ကို စစ္ေမးေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘီဟာပြည်နယ်ထဲမှာ မြန်မာလုပ် သေနတ်နဲ့ လက်ပစ်ဗုံးတွေ ဖမ်းမိ

အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ် အစွန်အဖျားမှာ မြန်မာနိုင်ငံလုပ် တိုက်ခိုက်ရေး ရိုင်ဖယ်သေနတ်တွေနဲ့ လက်ပစ်ဗုံးတွေ ဖမ်းမိခဲ့ပြီး ဒါဟာ မော်ဝါဒီ သူပုန်တွေနဲ့ မြန်မာနယ်စပ်မှာ အခြေစိုက် လှုပ်ရှားနေတဲ့ နာဂ သူပုန်တွေကြား အဆက်အသွယ်ရှိမှုကို ဖော်ပြနေတယ်လို့ အိန္ဒိယ ပြည်ထဲရေး ဝန်ကြီးဌာနက ပြောပါတယ်။

ပြီးခဲ့တဲ့လအတွင်း ဘီဟာ ရဲတွေဟာ ပူရ်နီယာဒေသမှာ ဗုံးသီးတွေနဲ့ AK-47 အမြောက်အမြားကို ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။ ဒီဗုံးနဲ့ လက်နက်တွေဟာ နာဂသူပုန်တွေ အကူအညီနဲ့ မြန်မာနယ်စပ်ကို ဖြတ်ပြီး သယ်လာတာဖြစ်ကြောင်း၊ အိန္ဒိယတစ်ဝန်းရှိ မော်ဝါဒီသူပုန်တွေကို ထောက်ပံ့ဖို့ဖြစ်ကြောင်း အိန္ဒိယ ပြည်ထဲရေး ဝန်ကြီးဌာနက တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီလက်နက်တွေ ကိစ္စနဲ့ ပတ်သက်ပြီး မဏိပူရပြည်နယ်က ကာဟိုနာဂမ်နဲ့ ကလီယာဆန် ကာဗို ဆိုသူ နှစ်ဦးနဲ့ ဂိုရခါပူရ်ပြည်နယ်က ဆူရတ် ပရာဆတ်တို့ သုံးဦးကို ရဲက ဖမ်းဆီးခဲပါတယ်။ အိန္ဒိယ ထောက်လှမ်းရေးက ဒီလက်နက်တွေ ဘယ်လိုရလာသလဲ ဆိုတာနဲ့ ပတ်သက်ပြီး သူတို့ကို စစ်မေးနေပါတယ်။

?bph6