အကယ္ဒမီ စာရင္း ေပါက္ၾကားမႈဟာ ျဖစ္ေလ့ျဖစ္ထရွိတဲ့ ကိစၥလို႔ ဥကၠ႒ ဦးဇင္ဝိုင္းေျပာ

0
245

အကယ္ဒမီ စာရင္းေတြ ႀကိဳတင္ေပါက္ၾကားခဲ့တဲ့ ျဖစ္စဥ္ဟာ ျဖစ္ေလ့ျဖစ္ထရွိတဲ့ ကိစၥတစ္ခုပဲလို႔ ႐ုပ္ရွင္အစည္းအ႐ံုး ဥကၠ႒ ဦးဇင္ဝိုင္းက သတင္းမီဒီယာေတြကို ေျပာပါတယ္။

မတ္လ ၂၄ ရက္ေန႔ ညပိုင္းက ျပဳလုပ္တဲ့ အကယ္ဒမီ ညစာစားပြဲမွာ ႐ုပ္ရွင္အစည္းအ႐ံုး ဥကၠ႒ ဦးဇင္ဝိုင္းက သတင္းမီဒီယာေတြကို အခုလို ေျပာခဲ့တာပါ။

အကယ္ဒမီ ဆုေပးပြဲ ကြင္းထဲေရာက္တာနဲ႔ ဆုစာရင္းေတြကို ႀကိဳတင္သိရွိရတာမ်ိဳးေတြ အရင္ကတည္းက ရွိခဲ့တာျဖစ္ၿပီး ဆုစာရင္းေတြကို နာယကႀကီး သံုးဦးကပဲ သိရွိတာျဖစ္ေၾကာင္း၊ ဒါေပမယ့္ အစီအစဥ္ တင္ဆက္မႈေတြမွာ အဆင္ေျပ ေခ်ာေမြ႔ေစဖို႔အတြက္ လူအေယာက္ ၂၀ ေလာက္ကို ေပးသိရတာမ်ိဳးေတြ ရွိတာေၾကာင့္ အကယ္ဒမီ စာရင္းေတြ ႀကိဳတင္ ေပါက္ၾကားခဲ့တဲ့ ျဖစ္စဥ္ဟာ ျဖစ္ေလ့ျဖစ္ထရွိတဲ့ ကိစၥတစ္ခုျဖစ္ၿပီး ဒီထက္လံုၿခံဳေအာင္ ျပန္လည္ သံုးသပ္ရမယ္လို႔ ဦးဇင္ဝိုင္းက ေျပာခဲ့တာပါ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အကယ်ဒမီ စာရင်း ပေါက်ကြားမှုဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စလို့ ဥက္ကဋ္ဌ ဦးဇင်ဝိုင်းပြော

အကယ်ဒမီ စာရင်းတွေ ကြိုတင်ပေါက်ကြားခဲ့တဲ့ ဖြစ်စဉ်ဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စတစ်ခုပဲလို့ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက သတင်းမီဒီယာတွေကို ပြောပါတယ်။

မတ်လ ၂၄ ရက်နေ့ ညပိုင်းက ပြုလုပ်တဲ့ အကယ်ဒမီ ညစာစားပွဲမှာ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက သတင်းမီဒီယာတွေကို အခုလို ပြောခဲ့တာပါ။

အကယ်ဒမီ ဆုပေးပွဲ ကွင်းထဲရောက်တာနဲ့ ဆုစာရင်းတွေကို ကြိုတင်သိရှိရတာမျိုးတွေ အရင်ကတည်းက ရှိခဲ့တာဖြစ်ပြီး ဆုစာရင်းတွေကို နာယကကြီး သုံးဦးကပဲ သိရှိတာဖြစ်ကြောင်း၊ ဒါပေမယ့် အစီအစဉ် တင်ဆက်မှုတွေမှာ အဆင်ပြေ ချောမွေ့စေဖို့အတွက် လူအယောက် ၂၀ လောက်ကို ပေးသိရတာမျိုးတွေ ရှိတာကြောင့် အကယ်ဒမီ စာရင်းတွေ ကြိုတင် ပေါက်ကြားခဲ့တဲ့ ဖြစ်စဉ်ဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စတစ်ခုဖြစ်ပြီး ဒီထက်လုံခြုံအောင် ပြန်လည် သုံးသပ်ရမယ်လို့ ဦးဇင်ဝိုင်းက ပြောခဲ့တာပါ။

?bph6