ျမန္မာ ယူ – ၂၃ အသင္း မကာအို အသင္းကို ၄ ဂိုးျပတ္နဲ႔ အႏုိင္ရ

0
226

အိမ္ရွင္ ျမန္မာ ယူ – ၂၃ အမ်ိဳးသားအသင္းက မကာအို ယူ – ၂၃ အမ်ိဳးသားအသင္းကို ၄ ဂိုး ဂိုးမရွိနဲ႔ ဂိုးျပတ္ အႏိုင္ရရွိခဲ့ပါတယ္။

ေဘာလံုးၿပိဳင္ပြဲကို မတ္လ ၂၄ ရက္ေန႔၊ ညေန ၆ နာရီက ရန္ကုန္ၿမိဳ႕၊ သုဝဏၰေဘာလံုးကြင္းမွာ ယွဥ္ၿပိဳင္ကစားခဲ့ၿပီး ျမန္မာ ယူ-၂၃ အသင္းက မကာအိုအသင္းကို ၄ ဂိုး ဂိုးမရိွနဲ႔ အႏိုင္ရခဲ့တာပါ။ AFC U-23 Championship Qualifiers 2020 Thailand ဒုတိယ ပြဲစဥ္အျဖစ္ ျမန္မာအသင္းနဲ႔ မကာအိုအသင္းတို႔ ယွဥ္ၿပိဳင္ကစားခဲ့တာ ျဖစ္ပါတယ္။

ျမန္မာ ယူ-၂၃ အသင္းဟာ အာရွ ယူ-၂၃ ခ်န္ပီယံရွစ္ ေျခစစ္ပြဲ ႏွစ္ပြဲ ကစားၿပီးခ်ိန္မွာ အုပ္စု (I) အမွတ္ေပးဇယား ဒုတိယ ေနရာကို ေရာက္ရွိခဲ့တာ ျဖစ္ပါတယ္။ ျမန္မာ ယူ-၂၃ အသင္းအေနနဲ႔ ေျခစစ္ပြဲ ေအာင္ျမင္ဖို႔ အဆံုးအျဖတ္ ပြဲစဥ္အျဖစ္ ဂ်ပန္ ယူ-၂၃ အသင္းနဲ႔ မတ္လ ၂၆ ရက္ ည ၆ နာရီ သုဝဏၰကြင္းမွာ ယွဥ္ၿပိဳင္ ကစားရမွာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာ ယူ – ၂၃ အသင်း မကာအို အသင်းကို ၄ ဂိုးပြတ်နဲ့ အနိုင်ရ

အိမ်ရှင် မြန်မာ ယူ – ၂၃ အမျိုးသားအသင်းက မကာအို ယူ – ၂၃ အမျိုးသားအသင်းကို ၄ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။

ဘောလုံးပြိုင်ပွဲကို မတ်လ ၂၄ ရက်နေ့၊ ညနေ ၆ နာရီက ရန်ကုန်မြို့၊ သုဝဏ္ဏဘောလုံးကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ပြီး မြန်မာ ယူ-၂၃ အသင်းက မကာအိုအသင်းကို ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တာပါ။ AFC U-23 Championship Qualifiers 2020 Thailand ဒုတိယ ပွဲစဉ်အဖြစ် မြန်မာအသင်းနဲ့ မကာအိုအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တာ ဖြစ်ပါတယ်။

မြန်မာ ယူ-၂၃ အသင်းဟာ အာရှ ယူ-၂၃ ချန်ပီယံရှစ် ခြေစစ်ပွဲ နှစ်ပွဲ ကစားပြီးချိန်မှာ အုပ်စု (I) အမှတ်ပေးဇယား ဒုတိယ နေရာကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ မြန်မာ ယူ-၂၃ အသင်းအနေနဲ့ ခြေစစ်ပွဲ အောင်မြင်ဖို့ အဆုံးအဖြတ် ပွဲစဉ်အဖြစ် ဂျပန် ယူ-၂၃ အသင်းနဲ့ မတ်လ ၂၆ ရက် ည ၆ နာရီ သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။

?bph6