
0
197




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

AA သတိပေးစာ ပို့ခံရတဲ့ စခန်းမှူး သေနတ်နဲ့ ပစ်သတ်ခံရ

AA လက်နက်ကိုင်အဖွဲ့ရဲ့ ကျည်တစ်ထောင့်နဲ့ သတိပေးစာ ပို့ခံရခဲ့ရတဲ့ မြောက်ဦးမြို့နယ်၊ တိမ်ညိုကျေးရွာ စခန်းမှူး ရဲအုပ် ကျော်ကျော်လှဟာ မတ်လ ၂၃ ရက်နေ့ညပိုင်းက သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။

မတ်လ ၂၃ ရက် ည ၇ နာရီကျော်မှာ ရဲစခန်းအနီး ထမင်းဆိုင်မှာ ရဲအုပ် ကျော်ကျော်လှ ထိုင်နေစဉ် အမည်မသိသူနှစ်ဦးက လာရောက်ပစ်ခတ်သွားတာ ခံခဲ့ရပြီး သေနတ်ဒဏ်ရာနှစ်ချက် ရရှိ သေဆုံးခဲ့တာပါ။

AA လက်နက်ကိုင်အဖွဲ့က ပြီးခဲ့တဲ့ ဇန်နဝါရီလ အတွင်း ကျည်တစ်တောင့်ပါဝင်တဲ့ သတိပေးစာတစ်စောင်ကို တိမ်ညိုကျေးရွာစခန်းမှူး ရဲအုပ် ကျော်ကျော်လှနဲ့ တစ်ခြားအရာရှိတစ်ဦးတို့ထံ ပေးပို့ခဲ့တာဖြစ်ပါတယ်။

?bph6