
0
201




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

၂၀၁၈ ခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်မှာ ယာဘမူးယစ်ဆေးပြား ၅၃ သန်း ဖမ်းမိခဲ့

၂၀၁၈ ခုနှစ်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်မှု နှိမ်နင်းခဲ့ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ယာဘ မူးယစ်ဆေးပြား ၅၃ သန်း ဖမ်းဆီးရမိခဲ့ပါတယ်။

မူးယစ်ဆေးဝါး ရောင်းဝယ်သူ ၃၀ဝ ခန့်ကို သုတ်သင်ခဲ့ပြီး အဲဒီအထဲက အယောက် ၄၀ ဟာ ဘင်္ဂါလီ မွတ်စလင် ဒုက္ခသည်စခန်းတွေရှိတဲ့ တက္ကနတ်ဖ် ဧရိယာက ဖြစ်ပါတယ်။ မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးခံရသူ ၂ သောင်းခွဲခန့်ရှိပြီး ဘင်္ဂါလီ မွတ်စလင် ဒုက္ခသည်တွေလည်း ပါဝင်ပါတယ်။

မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း တရားဥပဒေ စိုးမိုးမှု မရှိတဲ့ ဒေသရှိ စက်ရုံတွေက ထွက်ရှိတဲ့ မူးယစ်ဆေးဝါးတွေဟာ ဘင်္ဂလားဒေ့ရှ်မှာ မူယစ်ဆေးဝါး ကုန်ကူးသူတွေအတွက် အကြီးဆုံး ဈေးကွက်ကြီး ဖြစ်နေတယ်လို့ Observer Research Foundation က ဖော်ပြပါတယ်။

?bph6