ရခိုင္ျပည္နယ္မွာ ပစ္ခတ္မႈေတြေၾကာင့္ အရပ္သား ၅ ဦးေသဆံုး၊ ၈ ဦးဒဏ္ရာရ

0
166

ရခိုင္ျပည္နယ္၊ ဘူးသီးေတာင္ၿမိဳ႕နယ္၊ စည္ေတာင္ရြာမွာ ပစ္ခတ္မႈ ျဖစ္ပြားခဲ့ၿပီး လက္နက္ႀကီး က်ည္က်ေရာက္ ေပါက္ကြဲခဲ့တာေၾကာင့္ အရပ္သား ၅ ဦး ေသဆံုးခဲ့ၿပီး ၈ ဦး ဒဏ္ရာရရွိခဲ့ပါတယ္။

မတ္လ ၂၁ ရက္ေန႔က ျဖစ္ပြားခဲ့တာျဖစ္ၿပီး အရပ္သားေတြ ဗံုးခိုက်င္းထဲမွာ ဗံုးခိုေနစဥ္ လက္နက္ႀကီး က်ေရာက္ေပါက္ကြဲခဲ့တာ ျဖစ္ပါတယ္။ ေပါက္ကြဲမွႈေၾကာင့္ အမ်ိဳးသား သံုးဦးနဲ႔ အမ်ိဳးသမီး ႏွစ္ဦး စုစုေပါင္း အရပ္သား ငါးဦး ေနရာမွာ ပြဲခ်င္းၿပီး ေသဆံုးခဲ့ၿပီး အရပ္သား ရွစ္ဦး ဒဏ္ရာရရွိခဲ့တာျဖစ္ပါတယ္။

ရခိုင္ျပည္နယ္၊ ဘူးသီးေတာင္ၿမိဳ႕နယ္၊ စည္ေတာင္ရြာမွာ ႏွစ္ဖက္ အျပန္လွန္ ပစ္ခတ္မႈေတြ ျဖစ္ပြားခဲ့တာျဖစ္ၿပီး အရပ္သားေတြ ေသဆံုးမႈနဲ႔ ပတ္သက္ၿပီး AA နဲ႔ တပ္မေတာ္ ဘယ္အဖြဲ႔အစည္းရဲ႕ ပစ္ခတ္မႈေၾကာင့္ ဆိုတာကိုေတာ့ အတိအက် မေျပာႏိုင္ဘူးလို႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရး ေကာ္မတီအတြင္း ေရးမွဴး ဗုိလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္း ကေျပာဆိုထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရခိုင်ပြည်နယ်မှာ ပစ်ခတ်မှုတွေကြောင့် အရပ်သား ၅ ဦးသေဆုံး၊ ၈ ဦးဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စည်တောင်ရွာမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး လက်နက်ကြီး ကျည်ကျရောက် ပေါက်ကွဲခဲ့တာကြောင့် အရပ်သား ၅ ဦး သေဆုံးခဲ့ပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မတ်လ ၂၁ ရက်နေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး အရပ်သားတွေ ဗုံးခိုကျင်းထဲမှာ ဗုံးခိုနေစဉ် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ ပေါက်ကွဲမှုကြောင့် အမျိုးသား သုံးဦးနဲ့ အမျိုးသမီး နှစ်ဦး စုစုပေါင်း အရပ်သား ငါးဦး နေရာမှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး အရပ်သား ရှစ်ဦး ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စည်တောင်ရွာမှာ နှစ်ဖက် အပြန်လှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာဖြစ်ပြီး အရပ်သားတွေ သေဆုံးမှုနဲ့ ပတ်သက်ပြီး AA နဲ့ တပ်မတော် ဘယ်အဖွဲ့အစည်းရဲ့ ပစ်ခတ်မှုကြောင့် ဆိုတာကိုတော့ အတိအကျ မပြောနိုင်ဘူးလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေး ကော်မတီအတွင်း ရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ကပြောဆိုထားပါတယ်။

?bph6