ကမ္ဘာ့ကဗျာနေ့အထိမ်းအမှတ် စာအုပ်မိတ်ဆက်ပွဲနဲ့ ကဗျာဖတ်တာတွေပြုလုပ်

0
175








ကမ္ဘာ့ကဗျာနေ့အထိမ်းအမှတ် ကဗျာစာအုပ်မိတ်ဆက်ပွဲနဲ့ ကဗျာရွတ်ဖတ်တာတွေကို အင်းလျားကန်ဘောင်မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် သော်တာတိုးက ပေးပို့ထားပါတယ်။

မတ်လ ၂၁ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ ကမ္ဘာ့ကဗျာနေ့အထိမ်းအမှတ် ကဗျာစုစည်းမှုစာအုပ်မိတ်ဆက်တဲ့ အခမ်းအနားနဲ့ ကဗျာရွတ်တဲ့အခမ်းအနားကို တနင်္ဂနွေကဗျာဝိုင်းက ဦးဆောင်ပြီး ရန်ကုန်မြို့ ၊ အင်းလျား ကန်ဘောင်မှာ မတ်လ ၂၁ ရက်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့ပါတယ်။

Soundbite – ကဗျာဆရာ အောင်ဇင်မင်း

ဒီအခမ်းအနားမှာ ခေတ်အဆက်ဆက် ပြောင်းလဲလာတဲ့ ကဗျာအရေးအသားတွေနဲ့ ဖြတ်သန်းခဲ့ရတာတွေကို ကဗျာဆရာတွေက ဟောပြောကြပါတယ်။

Soundbite – ကဗျာဆရာ အောင်ဇင်မင်း

မတ်လ ၂၁ ရက်နေ့ကို ကမ္ဘာ့ကဗျာနေ့အဖြစ် ယူနက်စကိုက ၁၉၉၉ ခုနှစ်မှာ စတင်ကြေညာသက်မှတ်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံမှာ ၂၀၁၀ပြည့်နှစ်က စတင်ကျင်းပခဲ့တာဖြစ်ပါတယ်။

ကမ္ဘာ့ကဗျာနေ့ရောက်တိုင်း ကဗျာရွတ်ဆိုမှုတွေ၊ ကဗျာရေးသားမှုတွေနဲ့ ကဗျာနဲ့ဆိုင်တဲ့ လှုပ်ရှားမှုတွေကို နိုင်ငံတကာက ကဗျာချစ်မြတ်နိုးသူတွေက ပြုလုပ်လာခဲ့တာဖြစ်ပါတယ်ခင်ဗျာ။

?bph6