ထိုင္းမွာ ေပ်ာက္ဆံုးေနတဲ့ ျမန္မာေရႊ႕ေျပာင္းလုပ္သား ဇနီးေမာင္ႏွံအနက္ တစ္ဦးရဲ႕ အေလာင္း ရွာေတြ႔

0
208

ထိုင္းႏိုင္ငံေတာင္ပိုင္း၊ ခြ်န္ဖံုခ႐ိုင္၊ လြမ္စမ္းအပိုင္၊ ဘန္ဝမ္းေက်းရြာရွိ ေရာ္ဘာၿခံမွာ အလုပ္လုပ္ေနတဲ့ ျမန္မာ ေရႊ႕ေျပာင္းလုပ္သား ဇနီးေမာင္ႏွံဟာ မတ္လ ၁၆ ရက္ေန႔ကတည္းက ေပ်ာက္ဆံုးေနခဲ့ပါတယ္။

သူတို႔ရဲ႕ အသက္ ငါးႏွစ္အရြယ္ သမီးငယ္ကိုေတာ့ ေနာက္တစ္ေန႔ မနက္ အခန္းထဲမွာ ငိုေနတာ ေတြ႔ရွိခဲ့ပါတယ္။ ေပ်ာက္ဆံုးေနတဲ့ ကိုမိုးေက်ာ္နဲ႔ ဇနီး မေအးမိုးခိုင္တို႔ကို လိုက္လံရွာေဖြခဲ့ရာ မတ္လ ၂၀ ရက္ေန႔ကမွ ၿခံပိုင္ရွင္ ထိုင္းအမ်ိဳးသားက ကိုမိုးေက်ာ္လို႔ ယူဆရတဲ့ အေလာင္းကို ေတြ႔ရွိရေၾကာင္း ရဲကို အေၾကာင္းၾကားခဲ့တယ္လို႔ ပညာေရးႏွင့္ ဖြြံ႔ၿဖိဳးတိုးတက္ေရး ေဖာင္ေဒးရွင္း (FED) က ကိုမင္းဦးရဲ႕ Facebook လူမႈကြန္ရက္မွာ ေဖာ္ျပထားပါတယ္။

အေလာင္းကို ႀကိဳးနဲ႔တုပ္ၿပီး အိတ္ထဲထည့္ထားတာကို စမ္းေခ်ာင္းထဲမွာ ေတြ႔ခဲ့တာပါ။ မေအးမိုးခိုင္ကို ရွာမေတြ႔ေသးဘဲ သူတို႔ေနအိမ္က ပစၥည္းေတြလည္း ေျခရာလက္ရာမပ်က္ရွိေနပါတယ္။ FED က ေကာင့္ေသာင္း လူကုန္ကူးမႈ တားဆီးေရးအဖြဲ႔ ဒုရဲမွဴးနဲ႔အတူ သူတို႔ရဲ႕ အခ်က္အလက္ေတြနဲ႔ ေဆြမ်ိဳးေတြကို သိရွိေအာင္ လုပ္ေဆာင္ေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ထိုင်းမှာ ပျောက်ဆုံးနေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ဇနီးမောင်နှံအနက် တစ်ဦးရဲ့ အလောင်း ရှာတွေ့

ထိုင်းနိုင်ငံတောင်ပိုင်း၊ ချွန်ဖုံခရိုင်၊ လွမ်စမ်းအပိုင်၊ ဘန်ဝမ်းကျေးရွာရှိ ရော်ဘာခြံမှာ အလုပ်လုပ်နေတဲ့ မြန်မာ ရွှေ့ပြောင်းလုပ်သား ဇနီးမောင်နှံဟာ မတ်လ ၁၆ ရက်နေ့ကတည်းက ပျောက်ဆုံးနေခဲ့ပါတယ်။

သူတို့ရဲ့ အသက် ငါးနှစ်အရွယ် သမီးငယ်ကိုတော့ နောက်တစ်နေ့ မနက် အခန်းထဲမှာ ငိုနေတာ တွေ့ရှိခဲ့ပါတယ်။ ပျောက်ဆုံးနေတဲ့ ကိုမိုးကျော်နဲ့ ဇနီး မအေးမိုးခိုင်တို့ကို လိုက်လံရှာဖွေခဲ့ရာ မတ်လ ၂၀ ရက်နေ့ကမှ ခြံပိုင်ရှင် ထိုင်းအမျိုးသားက ကိုမိုးကျော်လို့ ယူဆရတဲ့ အလောင်းကို တွေ့ရှိရကြောင်း ရဲကို အကြောင်းကြားခဲ့တယ်လို့ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) က ကိုမင်းဦးရဲ့ Facebook လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။

အလောင်းကို ကြိုးနဲ့တုပ်ပြီး အိတ်ထဲထည့်ထားတာကို စမ်းချောင်းထဲမှာ တွေ့ခဲ့တာပါ။ မအေးမိုးခိုင်ကို ရှာမတွေ့သေးဘဲ သူတို့နေအိမ်က ပစ္စည်းတွေလည်း ခြေရာလက်ရာမပျက်ရှိနေပါတယ်။ FED က ကောင့်သောင်း လူကုန်ကူးမှု တားဆီးရေးအဖွဲ့ ဒုရဲမှူးနဲ့အတူ သူတို့ရဲ့ အချက်အလက်တွေနဲ့ ဆွေမျိုးတွေကို သိရှိအောင် လုပ်ဆောင်နေပါတယ်။

?bph6