Myanmar Futsal League 2018 ခ်န္ပီယံဆု MIC FC အသင္းရရိွ

0
245

ျမန္မာႏိုင္ငံ ေဘာလုံးအဖြဲ႕ခ်ဳပ္(MFF)က က်င္းပတ့ဲ Myanmar Futsal League 2018 ၿပိဳင္ပြဲမွာ ခ်န္ပီယံဆုကို MIC FC အသင္းရရိွခ့ဲပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္စိုင္းဟန္က ေပးပို႔ထားပါတယ္။

ျမန္မာႏိုင္ငံ ေဘာလုံးအဖြဲ႕ခ်ဳပ္က်င္းပတ့ဲ MFF Myanmar Futsal League 2018 ပြဲစဥ္ေနာက္ဆံုးအေနနဲ႔ MIC FC နဲ႔ VUC FC တို႔ မတ္လ ၂၀ရက္က သုဝ႑မိုးလံုေလလံု အားကစားရံုမွာ ယွဥ္ၿပိဳင္ကစားခဲ့ၿပီး VUC FC က အနိုင္ရရွိခဲ့ပါတယ္။

ဒါေပမယ့္ ထိပ္တိုက္ေတြ႕ဆံုမႈ စည္းမ်ဥ္းအရ MIC FC အသင္းက ခ်န္ပီယံဖလားကို ရရွိခဲ့တာပါ။

Soundbite – ကိုေက်ာ္ထက္ေအာင္ (အေကာင္းဆုံးဂိုးသမားဆုရွင္) MIC FC

ဒီႏွစ္က်င္းပတ့ဲ MFF Myanmar Futsal League 2018 ၿပိဳင္ပြဲကို အသင္း ၁၂ သင္းက ဝင္ေရာက္ယွဥ္ၿပိဳင္တာျဖစ္ၿပီး ခ်န္ပီယံဖလားရရွိသြားတ့ဲ MIC FC ဟာ AFC ကလပ္ခ်န္ပီယံရွစ္ျပိဳင္ပြဲကို သြားေရာက္ ယွဥ္ၿပိဳင္ရမွာျဖစ္တယ္လို႔ ျမန္မာႏုိင္ငံ ေဘာလုံးအဖြဲ႔ခ်ဳပ္ ဖူဆယ္ႏွင့္ သဲေသာင္ျပင္ေကာ္မတီ ဥကၠ႒ ဦးၾကည္မင္းသိန္း ကေျပာပါတယ္။

Soundbite – ဦးၾကည္မင္းသိန္း (ဥကၠ႒)
ဖူဆယ္ႏွင့္ သဲေသာင္ျပင္ေကာ္မတီ၊ ျမန္မာႏုိင္ငံ ေဘာလုံးအဖြဲ႔ခ်ဳပ္

ဒါ့အျပင္ MFF Myanmar Futsal League 2018 ရဲ႕ ၿပိဳင္ပြဲတစ္ေလ်ွာက္ အေကာင္းဆံုး ကစားသမားဆု၊ ဂိုးသမားဆုနဲ႔ အသန္႔ရွင္းဆံုး အသင္းဆုေတြကိုလည္း ခ်ီးျမင့္ခဲ့ပါတယ္။

MFF Myanmar Futsal 2018 ရဲ႕ ခ်န္ပီယံဆုအတြက္ က်ပ္သိန္း ၁၀၀၊ ဒုတိယဆုအတြက္ က်ပ္ ၇၅ သိန္း နဲ႔ တတိယဆုအတြက္ က်ပ္သိန္း ၆၀ အသီးသီးခ်ီးျမႇင့္ေပးခဲ့တာ ျဖစ္ပါတယ္ ခင္ဗ်ာ။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်(MFF)က ကျင်းပတဲ့ Myanmar Futsal League 2018 ပြိုင်ပွဲမှာ ချန်ပီယံဆုကို MIC FC အသင်းရရှိခဲ့ပါတယ်။ ဒီသတင်းကို MCN သတင်းထောက်စိုင်းဟန်က ပေးပို့ထားပါတယ်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကျင်းပတဲ့ MFF Myanmar Futsal League 2018 ပွဲစဉ်နောက်ဆုံးအနေနဲ့ MIC FC နဲ့ VUC FC တို့ မတ်လ ၂၀ရက်က သုဝဏ္ဍမိုးလုံလေလုံ အားကစားရုံမှာ ယှဉ်ပြိုင်ကစားခဲ့ပြီး VUC FC က အနိုင်ရရှိခဲ့ပါတယ်။

ဒါပေမယ့် ထိပ်တိုက်တွေ့ဆုံမှု စည်းမျဉ်းအရ MIC FC အသင်းက ချန်ပီယံဖလားကို ရရှိခဲ့တာပါ။

Soundbite – ကိုကျော်ထက်အောင် (အကောင်းဆုံးဂိုးသမားဆုရှင်) MIC FC

ဒီနှစ်ကျင်းပတဲ့ MFF Myanmar Futsal League 2018 ပြိုင်ပွဲကို အသင်း ၁၂ သင်းက ဝင်ရောက်ယှဉ်ပြိုင်တာဖြစ်ပြီး ချန်ပီယံဖလားရရှိသွားတဲ့ MIC FC ဟာ AFC ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲကို သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင်ကော်မတီ ဥက္ကဋ္ဌ ဦးကြည်မင်းသိန်း ကပြောပါတယ်။

Soundbite – ဦးကြည်မင်းသိန်း (ဥက္ကဋ္ဌ)
ဖူဆယ်နှင့် သဲသောင်ပြင်ကော်မတီ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်

ဒါ့အပြင် MFF Myanmar Futsal League 2018 ရဲ့ ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး ကစားသမားဆု၊ ဂိုးသမားဆုနဲ့ အသန့်ရှင်းဆုံး အသင်းဆုတွေကိုလည်း ချီးမြင့်ခဲ့ပါတယ်။

MFF Myanmar Futsal 2018 ရဲ့ ချန်ပီယံဆုအတွက် ကျပ်သိန်း ၁၀ဝ၊ ဒုတိယဆုအတွက် ကျပ် ၇၅ သိန်း နဲ့ တတိယဆုအတွက် ကျပ်သိန်း ၆၀ အသီးသီးချီးမြှင့်ပေးခဲ့တာ ဖြစ်ပါတယ် ခင်ဗျာ။