သတို႔သမီး လူကုန္ကူးမႈကို တ႐ုတ္နဲ႔ ျမန္မာ မထိန္းခ်ဳပ္ႏိုင္ေသး

0
184

ပဋိပကၡေတြျဖစ္ေနတဲ့ ကခ်င္ျပည္နယ္ နယ္စပ္ကေန ဆယ္ေက်ာ္သက္ မိန္းကေလးေတြ အပါအဝင္ ျမန္မာ အမ်ိဳးသမီးငယ္ေတြကို တ႐ုတ္ႏိုင္ငံဘက္ သတို႔သမီးအျဖစ္ လူကုန္ကူး ေရာင္းစားေနမႈကို တ႐ုတ္ႏိုင္ငံေရာ ျမန္မာႏိုင္ငံပါ မထိန္းခ်ဳပ္ႏိုင္ေသးဘူးလို႔ လူ႔အခြင့္အေရး အဖြဲ႔တစ္ဖြဲ႔က ေျပာပါတယ္။

ျမန္မာအမ်ိဳးသမီးေတြကို တ႐ုတ္ႏိုင္ငံဘက္မွာ အလုပ္ရွာေပးမယ္လို႔ လိမ္ညာ ေခၚေဆာင္တာ၊ သူတို႔ ဆႏၵမပါဘဲ အတင္းအက်ပ္ ေခၚေဆာင္ၿပီး တ႐ုတ္အမ်ိဳးသားေတြဆီ သတို႔သမီးအျဖစ္ ေရာင္းစားတာေတြ ရွိေနတယ္လို႔ လူ႔အခြင့္အေရး ေစာင့္ၾကည့္ေရးအဖြဲ႔ (HRW) ရဲ႕ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။ ၂၀၁၇ ခုႏွစ္မွာ အခုလို ေခၚေဆာင္ခံရတဲ့ အမ်ိဳးသမီး ၂၂၆ ဦး ရွိေပမယ့္ အခု အေရအတြက္ဟာ တကယ္ျဖစ္ခဲ့တာရဲ႕ အနည္းငယ္ပဲ ရွိေသးတယ္လို႔ အစီရင္ခံစာက ေဖာ္ျပပါတယ္။

အေမရိကန္ ေဒၚလာ ၃ ေထာင္ကေန ေဒၚလာ ၁၃၀၀၀ အထိ ေစ်းအမ်ိဳးမ်ိဳးနဲ႔ ေရာင္းစားခံရၿပီး ျပန္လည္လြတ္ေျမာက္လာတဲ့ အမ်ိဳးသမီး ၃၇ ဦးကို ေတြ႔ဆံုေမးျမန္းၿပီး အစီရင္ခံစာကို ေရးသားထားတာပါ။ တစ္ႏွစ္ကို အခုလို ေရာင္းစားခံရတဲ့ အမ်ိဳးသမီး ၁၀၀ ကေန ၂၀၀ အထိ လြတ္ေျမာက္ႏိုင္ဖို႔ ျမန္မာဘက္က ကူညီေပးေနေၾကာင္းလည္း HRW က ေျပာပါတယ္။ သတုိ႔သမီးအျဖစ္ ေရာင္းစားခံရသူေတြကို တ႐ုတ္မိသားစုေတြက ေသာ့ခတ္ ပိတ္ေလွာင္ထားၿပီး အဓမၼျပဳက်င့္တာေတြ လုပ္ေဆာင္ေလ့ရွိပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

သတို့သမီး လူကုန်ကူးမှုကို တရုတ်နဲ့ မြန်မာ မထိန်းချုပ်နိုင်သေး

ပဋိပက္ခတွေဖြစ်နေတဲ့ ကချင်ပြည်နယ် နယ်စပ်ကနေ ဆယ်ကျော်သက် မိန်းကလေးတွေ အပါအဝင် မြန်မာ အမျိုးသမီးငယ်တွေကို တရုတ်နိုင်ငံဘက် သတို့သမီးအဖြစ် လူကုန်ကူး ရောင်းစားနေမှုကို တရုတ်နိုင်ငံရော မြန်မာနိုင်ငံပါ မထိန်းချုပ်နိုင်သေးဘူးလို့ လူ့အခွင့်အရေး အဖွဲ့တစ်ဖွဲ့က ပြောပါတယ်။

မြန်မာအမျိုးသမီးတွေကို တရုတ်နိုင်ငံဘက်မှာ အလုပ်ရှာပေးမယ်လို့ လိမ်ညာ ခေါ်ဆောင်တာ၊ သူတို့ ဆန္ဒမပါဘဲ အတင်းအကျပ် ခေါ်ဆောင်ပြီး တရုတ်အမျိုးသားတွေဆီ သတို့သမီးအဖြစ် ရောင်းစားတာတွေ ရှိနေတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ၂၀၁၇ ခုနှစ်မှာ အခုလို ခေါ်ဆောင်ခံရတဲ့ အမျိုးသမီး ၂၂၆ ဦး ရှိပေမယ့် အခု အရေအတွက်ဟာ တကယ်ဖြစ်ခဲ့တာရဲ့ အနည်းငယ်ပဲ ရှိသေးတယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။

အမေရိကန် ဒေါ်လာ ၃ ထောင်ကနေ ဒေါ်လာ ၁၃၀ဝ၀ အထိ ဈေးအမျိုးမျိုးနဲ့ ရောင်းစားခံရပြီး ပြန်လည်လွတ်မြောက်လာတဲ့ အမျိုးသမီး ၃၇ ဦးကို တွေ့ဆုံမေးမြန်းပြီး အစီရင်ခံစာကို ရေးသားထားတာပါ။ တစ်နှစ်ကို အခုလို ရောင်းစားခံရတဲ့ အမျိုးသမီး ၁၀ဝ ကနေ ၂၀ဝ အထိ လွတ်မြောက်နိုင်ဖို့ မြန်မာဘက်က ကူညီပေးနေကြောင်းလည်း HRW က ပြောပါတယ်။ သတို့သမီးအဖြစ် ရောင်းစားခံရသူတွေကို တရုတ်မိသားစုတွေက သော့ခတ် ပိတ်လှောင်ထားပြီး အဓမ္မပြုကျင့်တာတွေ လုပ်ဆောင်လေ့ရှိပါတယ်။

?bph6