ထိုင္ဝမ္ ေလဆိပ္မွာ အနံ႔ခံေခြးကို တိုက္ခိုက္တဲ့ ျမန္မာ အဖမ္းခံရ

0
251

ထိုင္ဝမ္ႏိုင္ငံ၊ ေတာင္ယြန္ ႏိုင္ငံတကာ ေလဆိပ္ကို ေရာက္ရွိလာတဲ့ ျမန္မာႏိုင္ငံသား တစ္ဦးဟာ တားျမစ္ထားတဲ့ အသားနဲ႔လုပ္ထားတဲ့ ထုတ္ကုန္ေတြ အနံ႔ခံဖို႔ ေလ့က်င့္ေပးထားတဲ့ ေခြးနဲ႔ ေခြးကို ထိန္းေၾကာင္းသူတို႔ကို တိုက္ခိုက္ခဲ့လို႔ အဖမ္းခံခဲ့ရပါတယ္။

တ႐ုတ္ႏိုင္ငံမွာ ကူးစက္ေနတဲ့ အာဖရိက ဝက္တုပ္ေကြးကို တားဆီးႏိုင္ဖို႔အတြက္ ထိုင္ဝမ္ႏိုင္ငံဟာ ၿပီးခဲ့တဲ့လေတြကစၿပီး တိုင္ျပည္ထဲဝင္လာတဲ့ ဝက္သားနဲ႔ တျခား အသားထြက္ ထုတ္ကုန္ေတြကို စစ္ေဆးေနတာ ျဖစ္ပါတယ္။ တ႐ုတ္နဲ႔ အေရွ႕ေတာင္အာရွ ႏိုင္ငံက ခရီးသည္ေတြဟာ ခရီးေဆာင္အိတ္ေတြ စစ္ေဆးခံရမွာ ျဖစ္ၿပီး တားျမစ္အသားေတြ သယ္ေဆာင္လာရင္ ဒဏ္ေငြ အေမရိကန္ေဒၚလာ ၆၄၉၀ ေပးေဆာင္ရမွာ ျဖစ္ပါတယ္။

မတ္လ ၁၉ ရက္ေန႔က ဦးရႊမ္ၾကဴ (၆၁ ႏွစ္) ဟာ ခ်ိဳင္းနားေလေၾကာင္းလိုင္းနဲ႔ ရန္ကုန္ကေန ထိုင္ဝမ္ကို ေရာက္ရွိလာတာ ျဖစ္ပါတယ္။ စစ္ေဆးမယ့္ ေကာင္တာမွာ အနံ႔ခံေခြးက ဦးရႊမ္ၾကဴဆီမွာ အနံ႔ရေၾကာင္း ျပသခဲ့လို႔ စစ္ေဆးေပမယ့္ တားျမစ္ထားတဲ့ အသားကိုေတာ့ မေတြ႔ရပါဘူး။ ပါလာတဲ့ အိတ္တစ္ခုဟာ အရင္တုန္းက တားျမစ္ထားတဲ့ အသားကို ထည့္ခဲ့ဖူးလို႔ ေခြးက အနံ႔ရတာ ျဖစ္ႏိုင္တယ္လို႔ ထိုင္ဝမ္နယူးစ္ သတင္းမွာ ေဖာ္ျပထားပါတယ္။

ဦးရႊမ္ၾကဴက စိတ္ဆိုးၿပီး ေခြးကိုေရာ ေခြးထိန္းသမားကိုပါ တိုက္ခိုက္ခဲ့တဲ့အတြက္ တာဝန္ဝတၱရား ေႏွာင့္ယွက္မႈနဲ႔ တရားစြဲခံရဖြယ္ ရွိပါတယ္။ ေလဆိပ္ရဲက ဦးရႊမ္ၾကဴကို ေတာင္ယြန္တရား႐ံုးထံ ပို႔ေဆာင္ထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ထိုင်ဝမ် လေဆိပ်မှာ အနံ့ခံခွေးကို တိုက်ခိုက်တဲ့ မြန်မာ အဖမ်းခံရ

ထိုင်ဝမ်နိုင်ငံ၊ တောင်ယွန် နိုင်ငံတကာ လေဆိပ်ကို ရောက်ရှိလာတဲ့ မြန်မာနိုင်ငံသား တစ်ဦးဟာ တားမြစ်ထားတဲ့ အသားနဲ့လုပ်ထားတဲ့ ထုတ်ကုန်တွေ အနံ့ခံဖို့ လေ့ကျင့်ပေးထားတဲ့ ခွေးနဲ့ ခွေးကို ထိန်းကြောင်းသူတို့ကို တိုက်ခိုက်ခဲ့လို့ အဖမ်းခံခဲ့ရပါတယ်။

တရုတ်နိုင်ငံမှာ ကူးစက်နေတဲ့ အာဖရိက ဝက်တုပ်ကွေးကို တားဆီးနိုင်ဖို့အတွက် ထိုင်ဝမ်နိုင်ငံဟာ ပြီးခဲ့တဲ့လတွေကစပြီး တိုင်ပြည်ထဲဝင်လာတဲ့ ဝက်သားနဲ့ တခြား အသားထွက် ထုတ်ကုန်တွေကို စစ်ဆေးနေတာ ဖြစ်ပါတယ်။ တရုတ်နဲ့ အရှေ့တောင်အာရှ နိုင်ငံက ခရီးသည်တွေဟာ ခရီးဆောင်အိတ်တွေ စစ်ဆေးခံရမှာ ဖြစ်ပြီး တားမြစ်အသားတွေ သယ်ဆောင်လာရင် ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၆၄၉၀ ပေးဆောင်ရမှာ ဖြစ်ပါတယ်။

မတ်လ ၁၉ ရက်နေ့က ဦးရွှမ်ကြူ (၆၁ နှစ်) ဟာ ချိုင်းနားလေကြောင်းလိုင်းနဲ့ ရန်ကုန်ကနေ ထိုင်ဝမ်ကို ရောက်ရှိလာတာ ဖြစ်ပါတယ်။ စစ်ဆေးမယ့် ကောင်တာမှာ အနံ့ခံခွေးက ဦးရွှမ်ကြူဆီမှာ အနံ့ရကြောင်း ပြသခဲ့လို့ စစ်ဆေးပေမယ့် တားမြစ်ထားတဲ့ အသားကိုတော့ မတွေ့ရပါဘူး။ ပါလာတဲ့ အိတ်တစ်ခုဟာ အရင်တုန်းက တားမြစ်ထားတဲ့ အသားကို ထည့်ခဲ့ဖူးလို့ ခွေးက အနံ့ရတာ ဖြစ်နိုင်တယ်လို့ ထိုင်ဝမ်နယူးစ် သတင်းမှာ ဖော်ပြထားပါတယ်။

ဦးရွှမ်ကြူက စိတ်ဆိုးပြီး ခွေးကိုရော ခွေးထိန်းသမားကိုပါ တိုက်ခိုက်ခဲ့တဲ့အတွက် တာဝန်ဝတ္တရား နှောင့်ယှက်မှုနဲ့ တရားစွဲခံရဖွယ် ရှိပါတယ်။ လေဆိပ်ရဲက ဦးရွှမ်ကြူကို တောင်ယွန်တရားရုံးထံ ပို့ဆောင်ထားပါတယ်။

?bph6