ကလေးတွေ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မခံရဖို့ အစိုးရနဲ့ လူမှုအဖွဲ့စည်းတွေ ပူးပေါင်းဖို့လို
0
195
ကလေးသူငယ်တွေ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တာ မခံရဖို့အတွက် အစိုးရနဲ့ လူမှုအဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်ပေးဖို့ လိုအပ်နေပါတယ် ။ဒီသတင်းကိုတော့ MCN မန္တလေးသတင်းထောက် ဉာဏ်လင်းထူးကပေးပို့ထားပါတယ်။
ကလေးလူငယ်တွေ ဘေးကင်းလုံခြုံဖို့ အသိပညာပေးဆွးနွေးပွဲပြုလုပ်ခဲ့ပါတယ်။ဒီသတင်းကိုတော့ MCN မန္တလေးသတင်းထောက် ဉာဏ်လင်းထူးကပေးပို့ထားပါတယ်။
ကလေးသူငယ်တွေအနေနဲ့ နယ်ပယ်အသီးသီးမှာ အန္တရာယ်တွေကြုံတွေ့ရလေ့ရှိတဲ့အပေါ် ကာကွယ်ပေးနိုင်ဖို့ အသိပညာပေးဆွေးနွေးပွဲကို မန္တလေးမြို့ ဟိုတယ်မန္တလေးမှာ ပြုလုပ်ခဲ့ပါတယ်။
အဲ့ဒီဆွေးနွေးပွဲကို ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးငှာနကနေဦးဆောင်ပြီး မိတ်ဖက်အဖွဲ့တွေနဲ့ ပူးပေါင်းပြုလုပ်ခဲ့တာပါ။
ဦးအောင်အေးဟန် (ဒုတိယညွှန်ကြားရေးမှူးချုပ်)
ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန
ကလေးသူငယ်တွေအနေနဲ့ ခရီးသွားကဏ္ဍကို ဝင်ရောက်လာနိုင်စေဖို့ အခွင့်အလမ်းတွေဖန်တီးပေးပို့လည်း လုပ်ဆောင်သွားမှာပါ။
ဒါ့အပြင် ခရီးသွားလုပ်ငန်းနဲ့သက်ဆိုင်တဲ့ကိစ္စတွေမှာ ကလေးသူငယ်တွေ ဘေးကင်းလုံခြုံမှုရှိဖို့ကိုလည်း ဦးစားပေးလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
ဦးအောင်အေးဟန် ဒုတိယညွှန်ကြားရေးမှူးချုပ်
ဟိုတယ်နဲ့ခရီးသွား ညွှန်ကြားမှုဦးစီးငှာန
လုပ်ငန်းခွင်အတွင်းမှာ ဆယ်ကျော်သက်အရွယ် လူငယ်တွေအနေနဲ့ လူကုန်ကူးခံရနိုင်မှု အန္တရာယ်တွေအပြင် ဘေးကင်းလုံခြုံမှု ပိုမိုနည်းပါးနေတာလည်း ဖြစ်ပါတယ်ခင်ဗျာ။
?bph6