စိုင်းစိုင်းရဲ့ အသက် ၄၀ ပြည့်မွေးနေ့ကို ရန်ကုန်မှာ ပြုလုပ်မယ်

0
426








တေးသံရှင် စိုင်းစိုင်းခမ်းလှိုင် ရဲ့ အသက် လေးဆယ်ပြည့် မွေးနေ့ပွဲကို ရန်ကုန်မြို့မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် သော်တာတိုးက ပေးပို့ထားပါတယ်။

တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်ရဲ့ အသက် လေးဆယ်ပြည့် မွေးနေ့ကို ရန်ကုန်မြို့ သုဝဏ္ဏဘူမိ Event Park မှာ ဧပြီလ ၁၀ ရက်နေ့မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။

ဒီပွဲကို လာရောက် အားပေးကြမယ့် ပရိတ်သတ်တွေကို AYA VISA ကဒ်တွေ မေတ္တာလက်ဆောင်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။

Sound Bite တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်

တေးသံရှင် စိုင်းစိုင်းခမ်းလှိုင် ဟာ သူရဲ့ Birthday Show တွေကို တစ်နှစ်ထက်တစ်နှစ် တင်ဆက်ပုံတွေကစပြီး state စင်တွေ အထိ ပြောင်းလဲ တင်ဆက်ပေးခဲ့တာဖြစ်ပြီး ဒီနှစ်မှာတော့ ဖျော်ဖြေမယ့် စတိတ်စင်ကို စိတ်ကူးယဉ်ကမ္ဘာထဲက ခံတပ် ပုံစံပြုလုပ်သွားမှာဖြစ်ပါတယ်။

Sound Bite တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်

ဒါ့အပြင် ဒီနှစ်ပြုလုပ်မယ့် ထူးခြားမှုအနေနဲ့ 15ကြိမ်မြောက် Sai Sai Birthday Show 2019 မှာ ထိုင်းနိုင်ငံက ပညာရှင်တွေနဲ့ ပူးပေါင်းပြီး အသံစနစ်ကိုလည်း DOLBY 7.1 နဲ့ အထူးကောင်းမွန်အောင် ပြုလုပ်တင်ဆက်သွားမှာဖြစ်ပြီး သီချင်းအပုဒ်ရေ ၄၀ အထိ ဖျော်ဖြေ တင်ဆက်သွား မှာဖြစ်ပါတယ်ခင်ဗျား။

?bph6