ကနီမွာ ဘုရားဖူးယာဥ္ ေခ်ာက္ထဲက်၊ ငါးဦး ေသဆံုး

0
178

စစ္ကိုင္းတိုင္းေဒသႀကီး ကနီၿမိဳ႕နယ္မွာ အေလာင္းေတာ္ကႆပ ေခ်ာင္းမႀကီး အထက္မွာ မနက္ ၆နာရီ ဝန္းက်င္အခ်ိန္ ဘုရားဖူးယာဥ္တစ္စီး ေပ၂၀၀ ခန္႔နက္တဲ့ ေခ်ာက္အတြင္း ထုိးက်ခဲ့ပါတယ္။

အဲဒီ ထုိးက်သြားတဲ့ ဘုရားဖူးယာဥ္ေပၚမွာ ခရီးသည္ ၄၀ နီးပါး လိုက္ပါလာၿပီး ယာဥ္တိမ္းေမွာက္မႈေၾကာင့္ ေသဆံုးထိခိုက္သူ ငါးဦးရွိခဲ့ၿပီး ၂၇ ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း ကနီၿမိဳ႕နယ္ ရဲတပ္ဖြဲ႔က သတင္း ထုတ္ျပန္ထားပါတယ္။
လက္ရွိမွာေတာ့ ဘုရားဖူးယာဥ္ တိမ္းေမွာက္မႈေၾကာင့္ ေသဆုံးသြားသူေတြရဲ႕ ႐ုပ္အေလာင္းနဲ႔ ဒဏ္ရာရရွိသူေတြကုိ ေဆး႐ံုကုိ ပုိ႔ေဆာင္ေပးထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကနီမှာ ဘုရားဖူးယာဉ် ချောက်ထဲကျ၊ ငါးဦး သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်မှာ အလောင်းတော်ကဿပ ချောင်းမကြီး အထက်မှာ မနက် ၆နာရီ ဝန်းကျင်အချိန် ဘုရားဖူးယာဉ်တစ်စီး ပေ၂၀ဝ ခန့်နက်တဲ့ ချောက်အတွင်း ထိုးကျခဲ့ပါတယ်။

အဲဒီ ထိုးကျသွားတဲ့ ဘုရားဖူးယာဉ်ပေါ်မှာ ခရီးသည် ၄၀ နီးပါး လိုက်ပါလာပြီး ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးထိခိုက်သူ ငါးဦးရှိခဲ့ပြီး ၂၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကနီမြို့နယ် ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာတော့ ဘုရားဖူးယာဉ် တိမ်းမှောက်မှုကြောင့် သေဆုံးသွားသူတွေရဲ့ ရုပ်အလောင်းနဲ့ ဒဏ်ရာရရှိသူတွေကို ဆေးရုံကို ပို့ဆောင်ပေးထားပါတယ်။

?bph6