
0
204




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဒု ဗိုလ်ချုပ်ကြီး ကျော်ဆွေ သြစတြီးယားမှာ ကျင်းပတဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ညီလာခံ တက်ရောက်

ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေဟာ သြစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့မှာ ကျင်းပတဲ့ (၆၂) ကြိမ်မြောက် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးညီလာခံကို တက်ရောက်နေပါတယ်။

ဗီယင်နာမြို့ရှိ ဗီယင်နာ နိုင်ငံတကာ စင်တာမှာ အဲဒီ ညီလာခံကို မတ်လ ၁၄ ရက်ကနေ မှတ်လ ၂၂ ရက်နေ့အထိ ကျင်းပနေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါး နှိမ်နင်းမှု ပိုမိုထိရောက်မှု ရှိလာကြောင်း၊ မြန်မာ-လာအို-ထိုင်း သုံးနိုင်ငံ နယ်စပ် ရွှေတြိဂံဒေသမှာ မူးယစ်ဆေးဝါး နှိမ်နင်ရေး ပူးပေါင်းဆောင်မှု အောင်မြင်နေကြောင်း၊ မူးယစ်ဆေးဝါး ချက်လုပ်ရာမှာသုံးတဲ့ ဓာတုဆေးဝါးတွေ တရားမဝင် မှောင်ခိုကို နိုင်ငံတကာက ထိန်းချုပ်ဖို့လိုကြောင်း ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေက ညီလာခံမှာ ပြောခဲ့ပါတယ်။

?bph6