ျမန္မာအိမ္အကူကို ႏွိပ္စက္တဲ့ စင္ကာပူစံုတြဲကို ေထာင္ဒဏ္၊ ေငြဒဏ္ ခ်မွတ္

0
252

ျမန္မာအိမ္အကူကို ႀကိမ္နဲ႔႐ိုက္တာ၊ အန္ထားတာေတြ ျပန္စားခိုင္းတာ စတဲ့ ႏွိပ္စက္မႈေတြ လုပ္ခဲ့တဲ့ စင္ကာပူစံုတြဲကို မတ္လ ၁၈ ရက္ေန႔က ေထာင္ဒဏ္နဲ႔ ေငြဒဏ္ ခ်မွတ္လိုက္ပါတယ္။

၂၀၁၂ ခုႏွစ္မွာ ျမန္မာ အိမ္အကူ မိုးမိုးသန္း (၃၁ ႏွစ္) ကို ေခါင္းအံုးနဲ႔ ေစာင္မပါဘဲ တစ္ရက္ကို ေျခာက္နာရီသာ အိပ္ခိုင္းတာ၊ ထမင္းကို ဟင္းမပါဘဲ ဒါမွမဟုတ္ သၾကားနဲ႔ပဲ ေကြ်းတာ၊ လက္နဲ႔ေရာ ႀကိမ္လံုးနဲ႔ပါ ႐ိုက္တာေတြ အိမ္ရွင္ေတြက လုပ္ေဆာင္ခဲ့ပါတယ္။

အိမ္ရွင္ အိုင္တီ မန္ေနဂ်ာေဟာင္း ေတဝီကီယတ္ (၄၁ ႏွစ္) ကို ေထာင္ဒဏ္ ႏွစ္ႏွစ္၊ သူ႔ဇနီး ခ်ီယာ ယြန္လင္း (၄၃ ႏွစ္) ကို ေထာင္ဒဏ္ သံုးႏွစ္နဲ႔ ၁၁ လအျပင္ ဒဏ္ေငြ စင္ကာပူေဒၚလာ ၄ ေထာင္ ခ်မွတ္လိုက္ပါတယ္။ ခ်ီယာဟာ ဒဏ္ေငြ မေဆာင္ႏိုင္ရင္ ေထာင္ဒဏ္ ေနာက္ထပ္ ႏွစ္ပတ္ က်ခံရမွာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာအိမ်အကူကို နှိပ်စက်တဲ့ စင်ကာပူစုံတွဲကို ထောင်ဒဏ်၊ ငွေဒဏ် ချမှတ်

မြန်မာအိမ်အကူကို ကြိမ်နဲ့ရိုက်တာ၊ အန်ထားတာတွေ ပြန်စားခိုင်းတာ စတဲ့ နှိပ်စက်မှုတွေ လုပ်ခဲ့တဲ့ စင်ကာပူစုံတွဲကို မတ်လ ၁၈ ရက်နေ့က ထောင်ဒဏ်နဲ့ ငွေဒဏ် ချမှတ်လိုက်ပါတယ်။

၂၀၁၂ ခုနှစ်မှာ မြန်မာ အိမ်အကူ မိုးမိုးသန်း (၃၁ နှစ်) ကို ခေါင်းအုံးနဲ့ စောင်မပါဘဲ တစ်ရက်ကို ခြောက်နာရီသာ အိပ်ခိုင်းတာ၊ ထမင်းကို ဟင်းမပါဘဲ ဒါမှမဟုတ် သကြားနဲ့ပဲ ကျွေးတာ၊ လက်နဲ့ရော ကြိမ်လုံးနဲ့ပါ ရိုက်တာတွေ အိမ်ရှင်တွေက လုပ်ဆောင်ခဲ့ပါတယ်။

အိမ်ရှင် အိုင်တီ မန်နေဂျာဟောင်း တေဝီကီယတ် (၄၁ နှစ်) ကို ထောင်ဒဏ် နှစ်နှစ်၊ သူ့ဇနီး ချီယာ ယွန်လင်း (၄၃ နှစ်) ကို ထောင်ဒဏ် သုံးနှစ်နဲ့ ၁၁ လအပြင် ဒဏ်ငွေ စင်ကာပူဒေါ်လာ ၄ ထောင် ချမှတ်လိုက်ပါတယ်။ ချီယာဟာ ဒဏ်ငွေ မဆောင်နိုင်ရင် ထောင်ဒဏ် နောက်ထပ် နှစ်ပတ် ကျခံရမှာ ဖြစ်ပါတယ်။

?bph6