ရန္ကုန္ သီလဝါမွာ ဂ်ပန္႐ိုးရာ အေငြ႕အသက္ေတြပါဝင္မယ့္ စူပါ ဟိုတယ္ ဖြင့္လွစ္

0
318

ဂ်ပန္ႏိုင္ငံရဲ႕ ႐ိုးရာ ဓေလ့စ႐ိုက္ေတြ ပါဝင္တဲ႔ စူပါဟိုတယ္ဖြင့္ပြဲ အခမ္းအနားကို မတ္လ ၁၆ ရက္ေန႔က ရန္ကုန္ၿမိဳ႕ သီလဝါ အမွတ္ ၂၅ အထူးစီးပြားေရဇံု (ေအ) မွာ ျပဳလုပ္ခဲ့တာပါ။ ဒီအေၾကာငး္အရာအျပည့္စံုကိုေတာ့ MCN သတင္းေထာက္ သက္ေနာင္စိုးက တင္ဆက္ထားပါတယ္။

အဲဒီ စူပါဟိုတယ္ကို ဂ်ပန္နိုင္ငံက Super Hotel Co, Ltd က ဦးေဆာင္တည္ေဆာက္ထားကာ ကၽြန္းသစ္ေတြနဲ႔ အလွဆင္ထားလည္း ျဖစ္ပါတယ္။

စူပါဟိုတယ္ကို အထပ္ ၄ ထပ္အျမင့္နဲ႔ တည္ေဆာက္ထားၿပီး၊ အခန္းေပါင္း ၁၂၉ ခန္းပါဝင္ကာ ၂ ေယာက္အိပ္ခန္း ၁၀ ခန္း၊ ၁ ေယာက္အိပ္ခန္း ၇၁ ခန္း၊ တည္းခိုမယ့္ မိသားစုေတြ ကိုယ္တိုင္ ခ်က္ျပဳတ္ႏိုင္တဲ႔ မီးဖိုေခ်ာင္ပါအခန္း ၄၈ ခန္း ပါ႐ွိတာ ျဖစ္ပါတယ္။ ဒါ့အျပင္ ဂ်ပန္႐ုိးရာဓေလ့အရ မ႐ွိမျဖစ္တဲ႔ ေရေႏြးစိမ္ကန္ ပါဝင္တာျဖစ္ၿပီး ဂ်ပန္နိုင္ငံရဲ႕ ဓေလ့နဲ႔ ယဥ္ေက်းမႈေတြကို ခံစားႏိုင္မွာလည္း ျဖစ္ပါတယ္။

ျပည္တြင္းခရီးသြားေတြအတြက္ အထူးေဈးႏႈန္းအေနနဲ႔ သတ္မွတ္ေပးထားၿပီး ျပည္ပ ခရီးသြားေတြထက္ ေလွ်ာ့ေပါ့ ေပးထားတာလည္း ျဖစ္ပါတယ္။
စူပါဟိုတယ္ကို လာေရာက္တည္းခိုမယ့္သူေတြအတြက္ က်န္းမာေရး လႈပ္႐ွားကစားႏိုင္ဖို႔ ကိုယ္ကာယ ေလ့က်င့္ေရးခန္းမေတြ ထည့္သြင္းသြားမွာျဖစ္သလို က်န္းမာေရး အေၾကာေျဖ အခန္းေတြလည္း ျပဳလုပ္သြားဖို႔ရွိေနတာပါ။

သီလဝါအထူးစီးပြားေရးဇုန္အတြင္းမွာ လူေနအိမ္ရာနဲ႔ စီးပြားေရးဆိုင္ရာအေဆာက္အအုံ ဧရိယာအတြင္း ဟိုတယ္လုပ္ငန္းႏွင့္ စက္သုံးဆီလုပ္ငန္းေတြ အတြက္ ၂၀၁၆ ခုႏွစ္ စက္တင္ဘာလက တင္ဒါစတင္ ေခၚယူခဲ့တာျဖစ္ၿပီး ေလၽွာက္ထားခဲ့တဲ့ ျပည္တြင္းကုမၸဏီ ၁၁ ခု နဲ႔ ျပည္ပနိုင္ငံမ်ား ကုမၸဏီေျခာက္ခုထဲက ဂ်ပန္ႏိုင္ငံက Super Hotel Co, Ltd ကို ေရြးခ်ယ္ခဲ့တာ ျဖစ္ပါတယ္ ခင္ဗ်ာ။

ဂျပန်နိုင်ငံရဲ့ ရိုးရာ ဓလေ့စရိုက်တွေ ပါဝင်တဲ့ စူပါဟိုတယ်ဖွင့်ပွဲ အခမ်းအနားကို မတ်လ ၁၆ ရက်နေ့က ရန်ကုန်မြို့ သီလဝါ အမှတ် ၂၅ အထူးစီးပွားရေဇုံ (အေ) မှာ ပြုလုပ်ခဲ့တာပါ။ ဒီအကြောငး်အရာအပြည့်စုံကိုတော့ MCN သတင်းထောက် သက်နောင်စိုးက တင်ဆက်ထားပါတယ်။

အဲဒီ စူပါဟိုတယ်ကို ဂျပန်နိုင်ငံက Super Hotel Co, Ltd က ဦးဆောင်တည်ဆောက်ထားကာ ကျွန်းသစ်တွေနဲ့ အလှဆင်ထားလည်း ဖြစ်ပါတယ်။

စူပါဟိုတယ်ကို အထပ် ၄ ထပ်အမြင့်နဲ့ တည်ဆောက်ထားပြီး၊ အခန်းပေါင်း ၁၂၉ ခန်းပါဝင်ကာ ၂ ယောက်အိပ်ခန်း ၁၀ ခန်း၊ ၁ ယောက်အိပ်ခန်း ၇၁ ခန်း၊ တည်းခိုမယ့် မိသားစုတွေ ကိုယ်တိုင် ချက်ပြုတ်နိုင်တဲ့ မီးဖိုချောင်ပါအခန်း ၄၈ ခန်း ပါရှိတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဂျပန်ရိုးရာဓလေ့အရ မရှိမဖြစ်တဲ့ ရေနွေးစိမ်ကန် ပါဝင်တာဖြစ်ပြီး ဂျပန်နိုင်ငံရဲ့ ဓလေ့နဲ့ ယဉ်ကျေးမှုတွေကို ခံစားနိုင်မှာလည်း ဖြစ်ပါတယ်။

ပြည်တွင်းခရီးသွားတွေအတွက် အထူးဈေးနှုန်းအနေနဲ့ သတ်မှတ်ပေးထားပြီး ပြည်ပ ခရီးသွားတွေထက် လျှော့ပေါ့ ပေးထားတာလည်း ဖြစ်ပါတယ်။
စူပါဟိုတယ်ကို လာရောက်တည်းခိုမယ့်သူတွေအတွက် ကျန်းမာရေး လှုပ်ရှားကစားနိုင်ဖို့ ကိုယ်ကာယ လေ့ကျင့်ရေးခန်းမတွေ ထည့်သွင်းသွားမှာဖြစ်သလို ကျန်းမာရေး အကြောဖြေ အခန်းတွေလည်း ပြုလုပ်သွားဖို့ရှိနေတာပါ။

သီလဝါအထူးစီးပွားရေးဇုန်အတွင်းမှာ လူနေအိမ်ရာနဲ့ စီးပွားရေးဆိုင်ရာအဆောက်အအုံ ဧရိယာအတွင်း ဟိုတယ်လုပ်ငန်းနှင့် စက်သုံးဆီလုပ်ငန်းတွေ အတွက် ၂၀၁၆ ခုနှစ် စက်တင်ဘာလက တင်ဒါစတင် ခေါ်ယူခဲ့တာဖြစ်ပြီး လျှောက်ထားခဲ့တဲ့ ပြည်တွင်းကုမ္ပဏီ ၁၁ ခု နဲ့ ပြည်ပနိုင်ငံများ ကုမ္ပဏီခြောက်ခုထဲက ဂျပန်နိုင်ငံက Super Hotel Co, Ltd ကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ် ခင်ဗျာ။

?bph6