
0
218




<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

၂၀၂၀ ရွေးကောက်ပွဲအတွက် ပါတီတွင်းမဟာဗျူဟာချမှတ်နိုင်ဖို့ ပြင်ဆင်နေ

လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက်  လွှတ်တော်ကိုယ်စားလှယ်တွေ ရွေးချယ်နိုင်ဖို့ ပါတီတွင်း မဟာဗျူဟာတွေ ချမှတ်နိုင်ဖို့  ပြင်ဆင်နေတာဖြစ်ကြောင်း NLD ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့် ကပြောပါတယ်။

ဒီကနေ့ မတ်လ ၁၆ရက်နေ့က  နေပြည်တော်ရှိ စည်ပင်ရိပ်သာမှာ ပြုလုပ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ CEC အစည်းအဝေးအပြီးမှာ မီဒီယာ တွေကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင်ပါတီရန်ပုံငွေနဲ့ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ထည့်ဝင်ငွေတွေအပြည့်အဝရရှိနိုင်ဖို့ ကြိုးစားနေတာဖြစ်တာကြောင့်   မူလရည်မှန်းထားတဲ့ ပါတီရဲ့စည်းရုံးရေးအသုံးစရိတ်တွေကို အပြည့်အဝ ပြန်ပေးနိုင်မှာဖြစ်ကြောင်း ထည့်သွင်းဖြေကြားခဲ့ပါတယ်။

?bph6