ျမန္မာႏိုင္ငံမွာ ပထမဆံုး အျပည္ျပည္ဆိုင္ရာ သခ်ာၤၿပိဳင္ပြဲက်င္းပမယ္

0
370

ေက်ာင္းသားလူငယ္ေတြ သခ်ၤာစြမ္းရည္ ထက္ျမတ္ႏိုင္ဖို႕ ျမန္မာႏိုင္ငံမွာ ပထမဆုံး အျပည္ျပည္ဆိုင္ရာ သခ်ၤာၿပိဳင္ပြဲကို ရန္ကုန္ၿမိဳ႕မွာ က်င္းပျပဳလုပ္သြားမွာျဖစ္ပါတယ္။ ဒီသတင္းကို MCN သတင္း ေထာက္စိုင္းဟန္ ကေပးပို႔ထားပါတယ္။

အသက္ ၆ႏွစ္ကေန ၁၂ၾကား ရွိတ့ဲ ေက်ာင္းသားလူငယ္ေတြ သခ်ၤာစြမ္းရည္ ထက္ျမတ္ႏိုင္ဖို႔ ရည္ရြယ္ၿပီး ႏွစ္စဥ္က်င္းပတ့ဲ ၁၆ႀကိမ္ေျမာက္ အျပည္ျပည္ဆုိင္ရာ သခ်ၤာၿပိဳင္ပြဲႀကီးကို ျမန္မာႏိုင္ငံက အိမ္ရွင္ႏိုင္ငံအျဖစ္ ပထမဆုံးဦးဆုံးအႀကိမ္ က်င္းပသြားမယ္လို႔ Sakamoto Mathes Myanmar ရဲ႕ ေက်ာင္းအုပ္ႀကီးက ေျပာပါတယ္။

မတ္လ၁၆ရက္က ရန္ကုန္ၿမိဳ႕ Novotel ဟိုတယ္မွာ ၁၆ႀကိမ္ေျမာက္ အျပည္ျပည္ဆုိင္ရာ သခ်ၤာၿပိဳင္ပြဲႀကီးကို ဧၿပီ ၆ရက္နဲ႔၇ရက္မွာ က်င္းပျပဳလုပ္မယ့္အေၾကာင္း သတင္းစာရွင္းလင္းခ့ဲတာပါ။

Soundbite – ေဒါက္တာ စိုင္းဖုန္းျမတ္လြင္ (ေက်ာင္းအုပ္ႀကီး)
Sakamoto Mathes Myanmar

အ့ဲဒီလိုၿပိဳင္ပြဲေတြကေနတဆင့္ ေက်ာင္းသားေတြဟာ သခ်ၤာအေျခခံေကာင္းေတြရရွိၿပီး အဆင့္ျမင့္ သိပၸံပညာရပ္ေတြ နဲ႔ ေနာင္တစ္ခ်ိန္မွာ အာကာသနည္းပညာေတြကိုပါ ေလ့လာဆည္းပူးႏိုင္မယ့္ ေက်ာင္းသားေတြ ျဖစ္လာဖို႔အထိ ရည္ရြယ္တယ္လို႔လည္း ေျပာပါတယ္။

Soundbite – ေဒါက္တာ စိုင္းဖုန္းျမတ္လြင္ (ေက်ာင္းအုပ္ႀကီး)
Sakamoto Mathes Myanmar

အ့ဲဒီအျပည္ျပည္ဆိုင္ရာ သခ်ၤာၿပိဳင္ပြဲကို ျမန္မာႏိုင္ငံက ေက်ာင္းသား ၁၈၀ ဦးနဲ႔ ႏိုင္ငံတကာက ေက်ာင္း ၂၀၀ေက်ာ္က အဆင့္လုိက္ အလိုက္ယွဥ္ၿပိဳင္ၾကမွာျဖစ္ၿပီး ၿပိဳင္ပြဲက်င္းပအၿပီးမွာ NASA အာကာသယာဥ္မွဴးျဖစ္တ့ဲ Mr.Taichi Yamazakiက “အာကာသသို႔ ခရီးသြားျခင္း၊ လူတိုင္း အာကာသယာဥ္မွဴးျဖစ္ႏိုင္ေၾကာင္း”ေခါင္းစဥ္နဲ႔ ၿပိဳင္ပြဲ၀င္ေက်ာင္းသားေတြကို ေဟာေျပာေပးသြားမွာျဖစ္ပါတယ္ ခင္ဗ်ာ။

ကျောင်းသားလူငယ်တွေ သင်္ချာစွမ်းရည် ထက်မြတ်နိုင်ဖို့ မြန်မာနိုင်ငံမှာ ပထမဆုံး အပြည်ပြည်ဆိုင်ရာ သင်္ချာပြိုင်ပွဲကို ရန်ကုန်မြို့မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒီသတင်းကို MCN သတင်း ထောက်စိုင်းဟန် ကပေးပို့ထားပါတယ်။

အသက် ၆နှစ်ကနေ ၁၂ကြား ရှိတဲ့ ကျောင်းသားလူငယ်တွေ သင်္ချာစွမ်းရည် ထက်မြတ်နိုင်ဖို့ ရည်ရွယ်ပြီး နှစ်စဉ်ကျင်းပတဲ့ ၁၆ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သင်္ချာပြိုင်ပွဲကြီးကို မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ပထမဆုံးဦးဆုံးအကြိမ် ကျင်းပသွားမယ်လို့ Sakamoto Mathes Myanmar ရဲ့ ကျောင်းအုပ်ကြီးက ပြောပါတယ်။

မတ်လ၁၆ရက်က ရန်ကုန်မြို့ Novotel ဟိုတယ်မှာ ၁၆ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သင်္ချာပြိုင်ပွဲကြီးကို ဧပြီ ၆ရက်နဲ့၇ရက်မှာ ကျင်းပပြုလုပ်မယ့်အကြောင်း သတင်းစာရှင်းလင်းခဲ့တာပါ။

Soundbite – ဒေါက်တာ စိုင်းဖုန်းမြတ်လွင် (ကျောင်းအုပ်ကြီး)
Sakamoto Mathes Myanmar

အဲ့ဒီလိုပြိုင်ပွဲတွေကနေတဆင့် ကျောင်းသားတွေဟာ သင်္ချာအခြေခံကောင်းတွေရရှိပြီး အဆင့်မြင့် သိပ္ပံပညာရပ်တွေ နဲ့ နောင်တစ်ချိန်မှာ အာကာသနည်းပညာတွေကိုပါ လေ့လာဆည်းပူးနိုင်မယ့် ကျောင်းသားတွေ ဖြစ်လာဖို့အထိ ရည်ရွယ်တယ်လို့လည်း ပြောပါတယ်။

Soundbite – ဒေါက်တာ စိုင်းဖုန်းမြတ်လွင် (ကျောင်းအုပ်ကြီး)
Sakamoto Mathes Myanmar

အဲ့ဒီအပြည်ပြည်ဆိုင်ရာ သင်္ချာပြိုင်ပွဲကို မြန်မာနိုင်ငံက ကျောင်းသား ၁၈၀ ဦးနဲ့ နိုင်ငံတကာက ကျောင်း ၂၀ဝကျော်က အဆင့်လိုက် အလိုက်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး ပြိုင်ပွဲကျင်းပအပြီးမှာ NASA အာကာသယာဉ်မှူးဖြစ်တဲ့ Mr.Taichi Yamazakiက “အာကာသသို့ ခရီးသွားခြင်း၊ လူတိုင်း အာကာသယာဉ်မှူးဖြစ်နိုင်ကြောင်း”ခေါင်းစဉ်နဲ့ ပြိုင်ပွဲဝင်ကျောင်းသားတွေကို ဟောပြောပေးသွားမှာဖြစ်ပါတယ် ခင်ဗျာ။

?bph6