ေျမာက္ဦးမွာ လက္နက္ႀကီး က်ေရာက္ခဲ့တဲ့အတြက္ အမ်ဳိးသမီးတစ္ဦး ဒဏ္ရာရ

0
309

ေျမာက္ဦးၿမိဳ႕မွာ လက္နက္ႀကီးက်ည္က်ေရာက္တဲ႔အတြက္ အမ်ိဳးသမီးတစ္ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ပါတယ္။ ဒီသတင္းကို MCN ရခုိင္ျပည္နယ္ သတင္းေထာက္ မင္းမ်ိဳးႏြယ္က ေပးပို႔ထားပါတယ္။

ရခုိင္ျပည္နယ္ ေျမာက္ဦးၿမိဳ႕မွာ မတ္လ ၁၅ ရက္ေန႔ ည ၁၀ နာရီအခ်ိန္မွာ တပ္မေတာ္နဲ႔ AA လက္နက္ကိုင္အဖြဲ႔တို႔ ပစ္ခတ္မႈေတြျဖစ္ပြားခဲ့ၿပီး လူေနရပ္ကြက္အတြင္း လက္နက္ႀကီးက်ည္ က်ေရာက္တဲ့အတြက္ ေက်ာက္ရာဇ္ေကရပ္ကြက္ ေနအိမ္တစ္အိမ္မွာ အိပ္ေနတဲ့ အမ်ိဳးသမီးတစ္ဦး ထိခိုက္ဒဏ္ရာရရွိခဲ့တာ ျဖစ္ပါတယ္။

အဲ့ဒီ ပစ္ခတ္မႈျဖစ္စဥ္ဟာ တပ္မေတာ္စစ္ေၾကာင္း ေျမာက္ဦးၿမိဳ႕ကေန ျဖတ္သန္းသြားၿပီး မၾကာခင္မွာ အခုလိုျဖစ္ပြားခဲ့တာပါ။

အင္တာဗ်ဴး – ဦးသိန္းေရႊျမင့္ (က်ည္ထိဒဏ္ရာရရွိသူအမ်ိဳးသမီး၏ ခင္ပြန္း)
ေက်ာက္ရာဇ္ေကရပ္ကြက္၊ ေျမာက္ဦးၿမိဳ႕

ေျမာက္ဦးၿမိဳ႕မွာ အခုလို ပစ္ခတ္မႈေတြ ျဖစ္ပြားခဲ႔တာေၾကာင့္ ၿမိဳ႕ေပၚရပ္ကြက္ေတြျဖစ္တဲ့ ေက်ာက္ရာဇ္ေက၊ ထမၼရာဇ္၊ ၾကက္ေဈး၊ မဟိန္ဂ်ီစတဲ့ရပ္ကြက္ေတြက ေနအိမ္အခ်ိဳ႔ ထိခိုက္မႈေတြ ရွိခဲ႔ၿပီး၊ သွ်စ္ေသာင္းပုထိုးေတာ္နဲ႔ ထုကၠန္သိမ္ ပုထိုးေတာ္အၾကားမွာလည္း လက္နက္ႀကီးက်ည္တစ္လံုး က်ေရာက္ခဲ့တာ ျဖစ္ပါတယ္။

အင္တာဗ်ဴး – ေဒၚလဲ့လဲ့ဝင္း (ေဒသခံ)
ထမၼရာဇ္ရပ္ကြက္၊ ေျမာက္ဦးၿမိဳ႕

ေက်ာက္ရာဇ္ေကရပ္ကြက္က က်ည္ထိဒဏ္ရာရရွိခဲ့တဲ့ အသက္ ၅၀ အရြယ္ ေဒၚခင္ခင္သိန္းကို မတ္လ ၁၆ ရက္ေန႔ မနက္ပိုင္းမွသာ ေျမာက္ဦးေဆးရုံကိုပို႔ေဆာင္ေပးခဲ့တာျဖစ္ပါတယ္။ အဲဒီလို ထိခိုက္ဒဏ္ရာရ႐ွိခဲ႔တဲ႔ တင္ပါးဆံုထဲက လက္နက္ႀကီးက်ည္စေတြကို ေျမာက္ဦးေဆးရံုမွာ အေရးေပၚခြဲစိပ္ကုသမႈေတြ လုပ္ေနတယ္လို႔ ခင္ပြန္းျဖစ္သူ ဦးသိန္းေရႊျမင့္ကေျပာပါတယ္ ခင္ဗ်ား။

မြောက်ဦးမြို့မှာ လက်နက်ကြီးကျည်ကျရောက်တဲ့အတွက် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ မတ်လ ၁၅ ရက်နေ့ ည ၁၀ နာရီအချိန်မှာ တပ်မတော်နဲ့ AA လက်နက်ကိုင်အဖွဲ့တို့ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး လူနေရပ်ကွက်အတွင်း လက်နက်ကြီးကျည် ကျရောက်တဲ့အတွက် ကျောက်ရာဇ်ကေရပ်ကွက် နေအိမ်တစ်အိမ်မှာ အိပ်နေတဲ့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီ ပစ်ခတ်မှုဖြစ်စဉ်ဟာ တပ်မတော်စစ်ကြောင်း မြောက်ဦးမြို့ကနေ ဖြတ်သန်းသွားပြီး မကြာခင်မှာ အခုလိုဖြစ်ပွားခဲ့တာပါ။

အင်တာဗျူး – ဦးသိန်းရွှေမြင့် (ကျည်ထိဒဏ်ရာရရှိသူအမျိုးသမီး၏ ခင်ပွန်း)
ကျောက်ရာဇ်ကေရပ်ကွက်၊ မြောက်ဦးမြို့

မြောက်ဦးမြို့မှာ အခုလို ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ ကျောက်ရာဇ်ကေ၊ ထမ္မရာဇ်၊ ကြက်ဈေး၊ မဟိန်ဂျီစတဲ့ရပ်ကွက်တွေက နေအိမ်အချို့ ထိခိုက်မှုတွေ ရှိခဲ့ပြီး၊ သျှစ်သောင်းပုထိုးတော်နဲ့ ထုက္ကန်သိမ် ပုထိုးတော်အကြားမှာလည်း လက်နက်ကြီးကျည်တစ်လုံး ကျရောက်ခဲ့တာ ဖြစ်ပါတယ်။

အင်တာဗျူး – ဒေါ်လဲ့လဲ့ဝင်း (ဒေသခံ)
ထမ္မရာဇ်ရပ်ကွက်၊ မြောက်ဦးမြို့

ကျောက်ရာဇ်ကေရပ်ကွက်က ကျည်ထိဒဏ်ရာရရှိခဲ့တဲ့ အသက် ၅၀ အရွယ် ဒေါ်ခင်ခင်သိန်းကို မတ်လ ၁၆ ရက်နေ့ မနက်ပိုင်းမှသာ မြောက်ဦးဆေးရုံကိုပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ အဲဒီလို ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ တင်ပါးဆုံထဲက လက်နက်ကြီးကျည်စတွေကို မြောက်ဦးဆေးရုံမှာ အရေးပေါ်ခွဲစိပ်ကုသမှုတွေ လုပ်နေတယ်လို့ ခင်ပွန်းဖြစ်သူ ဦးသိန်းရွှေမြင့်ကပြောပါတယ် ခင်ဗျား။

?bph6